Part 4 (unicode ver)

728 33 0
                                    


ခတ္တာကိုဖေဖေအဆောင်လိုက်အပ်ပေးသည်။ကျောင်းနှင့်တော့သိပ်မဝေးလှပါ။သို့သော်အဆောင်အားလုံးထဲတွင်တော့အဝေးဆုံးဟုပင်ဆိုရမည်။ဖေဖေလဲအဆောင်အပ်ပီးပစ္စည်းတွေကိုအခန်းထဲထည့်ပေးလေသည်။ထို့နောက်တွင်တော့...

"ကဲ..သမီးလေး ဖေကြီးပြန်ပီနော် ဖေဖေတို့မေမေတို့မရှိတော့ဘူးဆိုပီးတအားကြီးမဆိုးရဘူးနော်...
အော်မေကြီးဆီမှာတစ်လစာမုန့်ဖိုးသွားတောင်းအုန်း
ဖေကြီးသူ့ကိုပေးထားပီးသွားပီ။"

"😢ဟုတ်ကဲ့ဖေကြီး......."

ငိုမဲ့မဲ့လေးဖြစ်သွားတာကိုပြန်လည်ထိန်းကာခတ္တာမေမေ့ဆီကိုသွားလိုက်သည်။မျက်လုံးလေးကမျက်ရည်လေးမို့မို့ထွက်ခါနီးလေးကိုမသိမသာလေးခိုးသုတ်မိရင်း....

ခတ္တာဟူသည်မှာတစ်ခါမှမိဝေးဖဝေးကိုမသွားခဲ့ဖူးသောကလေးဆိုးလေးသာသာကိုး....
ယခုလိုကြီးခွဲရခဲ့တော့သူလေးခမျာစိတ်မကောင်းဖြစ်မိတာကတော့အမှန်ပေါ့

မေမေကတော့
"ကဲ မေမေ့သမီးလေး ရော့ဒီမှာသမီးလေးရဲ့တစ်လစာမုန့်ဖိုး...ထမင်းဖိုးနဲ့အဆောင်လခကိုမေကြီးတို့ပေးခဲ့ပြီးပြီနော်သမီးလေး...သမီးလေးလိုတာတွေရှိရင်မေကြီးကိုဖုန်းဆက်လိုက်...နောက်ပီးအပြင်တွေအရမ်းမသွားနဲ့....သူငယ်ချင်းတွေနဲ့လဲတည့်အောင်ပေါင်းနော်...စာလဲလုပ်အုံး...ဘုရားတရားလဲမမေ့နဲ့အုံး...နောက်ပီး........''

"ကဲပါမိန်းမရာ မင်းကလဲ ကလေးကို.....
မင့်သမီးက ကလေးမဟုတ်တော့ပါဘူးကွ...
ဒီလောက်ကတော့သမီးလေးကသိတတ်ပီးသားပါ..ဟုတ်တယ်မလားသမီးလေး..😉''

"ဒါပေါ့ဖေရီးရ...
ဖေဖေလဲစိတ်မပူနဲနော် သမီးလဲကိုယ့်ကိုကိုယ်ဂရုစိုက်ပါ့မယ် ဖေနဲ့မေလဲကျန်းမာရေးဂရုစိုက်''

"ဟုတ်ပါပီသမီးလေးရယ်....ကဲဖေဖေတို့ပြန်တော့မယ်..😚''

သမီးဖြစ်သူပါးလေးကိုဖွဖွလေးနမ်းပီးခတ္တာရဲ့ဖေဖေနဲ့မေမေကတော့ပြန်သွားလေတော့သည်။အဆောင်မှူးကိုလဲတွတ်တွတ် တွတ်တွတ်နဲ့ပြောသွားသေးသည်။

ဖေတို့ပြန်သွားတော့အဆောင်မှူးအန်တီကြီးကခတ္တာကိုခနလေးဟုဆိုကာအဆောင်ထဲဝင်သွားလေ၏။ခနကြာတော့ကောင်မလေးတစ်ယောက်နှင့်အတူတူထွက်လာလေသည်။

Memories |completed|Where stories live. Discover now