ခတ္တာဖုန်းဆက်ပြီးပြီးချင်းအခန်းထဲကထွက်လာခဲ့သည်။ဆရာမလာသေး၍သာတော်တော့သည်။မဟုတ်ရင်အရစ်ခံရမည်မဟုတ်ပါလား....ခြေလှမ်းတို့ကမတော်ရသေးသောယောက္ခမလောင်းကြီးခေါ်သောနေရာထံသို့
အမှန်တိုင်းဝန်ခံရလျှင်ခတ္တာကြောက်မိသည်။မဉ္ဇူကိုမိမိနှင့်သဘောမတူမှာကိုကြိုသိနေသည်။မဉ္ဇူ အမေခေါ်သောနေရာလေးကကျောင်းနားမှကော်ဖီဆိုင်လေး
ကျောင်းနားဟုဆိုသော်လဲ၁၀မိနစ်ခန့်မျှတော့သွားရသည်။ဒါတောင်ဆိုင်ကယ်ဖြင့်
ဆိုင်အတွင်းထဲဝင်တော့ကော်ဖီလေးတစ်ခွက်နှင့်ထိုင်နေသောသူမ၏မိခင်
"အန်တီ.....''
"အော်..ကလေး...မင်းရောက်ပီလား....''
"ဟုတ်ကဲ့အန်တီ....''
"ကဲထိုင်ပါအုံး...မင်းဘာမှာအုံးမလဲ....''
"မမှာတော့ပါဘူးအန်တီ....''
".......''
နှစ်ယောက်အကြားမှာတိတ်ဆိတ်လာလိုက်တာအတော်ပင်ကြာသွားခဲ့သည်။
ထိုစဉ်မှာပင်...
"ကလေး...မင်းအန်တီသမီးကိုချစ်နိုင်တယ်ဆိုတာသေချာလို့လား...ခနတာပျော်ရွှင်မှုအတွက်စိတ်ကစားတာမျိုးကိုအန်တီမုန်းလို့....''
"ရှင်....''
"မင်းကိုအန်တီပြောစရာတွေအများကြီးရှိတယ်....သမီးလေးနဲ့ပတ်သတ်ပြီးကော....နောက်ပြီး...အန်တီ့ရဲ့အကြောင်းကော...''
ခတ္တာအနည်းငယ်တော့အံသြမိသည်။သည်လောက်ထိအေးစက်နေမည်မဟုတ်ပဲ မိမိပိုးဆိုးပက်ဆက်အပြောခံရမည်ဟုတစ်ထစ်ချယုံကြည်ထားခဲ့တာ....
"ဟုတ်....''
"အန်တီ့သမိီးလေးမှာမွေးရာပါနှလုံးအားနည်းရောဂါရှိတယ်....''
"ရှင်....''
"ဟုတ်တယ်....သမီးလေးမှာအဲ့လိုရောဂါရှိတယ်...
ငယ်ငယ်ထဲကကျန်းမာရေးခြူချာလွန်းလို့အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ခဲ့ရတာ....အဲ့တာကြောင့်လဲအန်တီသူ့ရှေ့မှာသူစိတ်ဆင်းရဲရမယ့်ကိစ္စမျိုး...သူနာကြင်ရမယ့်ကိစ္စမျိုးအန်တီအဖြစ်မခံနိုင်ဘူး....''
YOU ARE READING
Memories |completed|
Romanceဆက်ချစ်ရမှာလား နောက်ဆုတ်ရမှာလား မသဲကွဲသေးတဲ့အခြေအနေကိုဘယ်လိုရင်ဆိုင်သင့်လဲ ပထမဆုံးရေးဖူးတာပါ😁