အရှေ့ဘက်ကနေရောင်နီလဲထွက်လာလေပြီ။တိမ်တွေဆိုတာလဲတစ်ရောင်ပီးတစ်ရောင်ဆင်ရင်းအလှပြင်နေကုန်ပါပြီ။ငှက်ကလေးတွေရဲ့တေးသံလေးတွေနဲ့ထပ်ပေါင်းထားတော့ ပြီးပြည့်စုံတဲ့မနက်ခင်းလေးတစ်ခုပေါ့။
ဒီလိုမနက်ခင်းမျိုးမှာကိုယ်ချစ်ရသူရဲ့မျက်နှာလေးကိုနိုးနိုးချငိးမြင်ရတာလဲကိုယ့်အတွက်မင်္ဂလာတစ်မျိုးပဲပေါ့။
ခတ္တာနိုးလာတော့ဘေးနားလေးမှာကကိုယ့်တိတ်တခိုးချစ်ရတဲ့ချစ်သူလေး။
ညက............
ခတ္တာအိပ်မရ၍ရအောင်အိပ်မည်အလုပ်.....
"အိပ်မပျော်ဘူးလား........''
"မဟုတ်ပါဘူး....ဟိုအိပ်တော့မလို့.....''
ခနနေတော့မဉ္ဇူထလာပြီး"ဟိုဘက်တိုး😌......''
"ဟိုဘက်ကုတင်မှာအိပ်မှာဆို😳😳......''
"လျှာမရှည်နဲ့....ငါကနင်ချမ်းနေမှာစိူးလို့😤....''
ခေါင်းလေးမော့ပြီး မာနခဲလေးပုံစံလေးနှင့်ပြန်ချေပလေသည်။"စောင်ကအထူကြီးကို😪.....''
"တကယ်နော်....ပီးရော ငါဟိုဘက်ကုတင်ပြန်တော့မယ်😒😒''
"ဟီး😁😁...စတာ...လာ......''
ခတ္တာဘေးနားကနေရာလွတ်လေးကိုလက်လေးနဲ့ပုတ်ပြလိုက်သည်။
မဉ္ဇူလဲကုတင်ပေါ်တက် ခတ္တာရဲ့စောင်လေးထဲဝင်ပြီးအပေါ်ကမိမိစောင်ကိုထပ်လိုက်ပြန်သည်။
"အိပ်တော့😤.....''
ရုတ်တရက်မဉ္ဇူရဲ့အပြုအမူကြောင့် ခတ္တာမှာလှုပ်ပင်မလှုပ်ရဲ.....
လှဲလဲလှဲပြီးရော ခတ္တာခါးလေးကိုဖက်ကာကလေးလေးတစ်ယောက်လိုရင်ခွင်ထဲခေါင်းလေးတိုးဝင်ရင်း"Goodnight....''
"Omm..good..good...goodnight😩😩''
စကားတို့တောင်အထစ်ထစ်....
ဒီဝက်ပေါက်စလေးကြောင့်ကြာရင်နှလုံးအထူးကုနဲ့ပြရတော့မှာပဲ.....ခတ္တာ...နင့်ရင်ခွင်ကနွေးလိုက်တာ......ဒီရင်ခွင်လေးထဲငါညတို်င်းအိပ်စက်ချင်မိတယ်သိရဲ့လား.......
###########ခတ္တာမဉ္ဇူမသိအောင်နဖူးလေးကိုခိုးနမ်းလိုက်မိသည်။
*Morningkiss for u azu*
KAMU SEDANG MEMBACA
Memories |completed|
Romansaဆက်ချစ်ရမှာလား နောက်ဆုတ်ရမှာလား မသဲကွဲသေးတဲ့အခြေအနေကိုဘယ်လိုရင်ဆိုင်သင့်လဲ ပထမဆုံးရေးဖူးတာပါ😁