Part 8 (unicode ver)

583 27 0
                                    

"ခတ္တာ....ခတ္တာ....ထတော့....''

"M😳  မဉ္ဇူ....''

"အိပ်ပုပ်....ထ..နေဖင်ထိုးနေပြီသိရဲ့လား......''

"အာ😳omm omm..... ''

"Ommဆိုခုအဲ့အိပ်ယာပေါ်ကထ လာမျက်နှာသွားသစ်မယ်😌''

မနက်ခတ္တာကိုတစ်ယောက်ယောက်နှိုးနေလိုကြည့်လိုက်တော့မဉ္ဇူသွေး

မနေ့ကသူမဟုတ်တဲ့အတိုင်းမျက်နှာသစ်ဖို့လာခေါ်နေသတဲ့ ဘယ်လိုတောင်လား သူ့ကြောင့်ညကကိုယ်စိတ်ဆိုးတာတောင်ဘယ်ဆီရောက်မှန်းမသိ

"လာလေ အူကြောင်ကြောင်နဲ့ ပြင်အုံးမှာနဲ့ဆိုကျောင်းမမှီပဲနေလိမ့်မယ်😑''

"Omm...😳''

"တော်ကျုပ်ကိုအဲ့ommတစ်လုံးပဲပြောတတ်တာလား
အမြင်ကိုကပ်တယ် ဟွန်း...😒''

အမြင်ကပ်ပုဒ်မနဲ့မျက်စောင်းလေးထိုးသွားတော့ကျန်ခဲ့တဲ့ဒီခတ္တာမကြီးကဟက်ကော့ကြီးပေါ့

ကြာနေလို့မဖြစ် တော်ကြာဆရာမကြီးမဉ္ဇူ သွေးရဲ့လော်စပီကာအသံစူးစူးကိုထပ်ကြားနေရအုံးမည်။

"ရှင်ကြီးကလေ ဘာလုပ်လုပ်ကြာလိုက်တာ ဒီမှာစောင့်နေတာကို 😤😤''

"လာပါပြီဟာ နင်ကလဲ စိတ်ကြီးပဲ...😩''

"ဘာ😡...တော်ထလာတဲ့အချိန်ကိုကြည့်ပါအုံးတော်ရေ ၈နာရီထိုးနေပြီတော့...နောက်နာရီဝက်ဆိုကျောင်းတက်ပြီလေတော်ရဲ့''

နေ့ချင်းညချင်းစကားအပြောအဆိုကအစပြောင်းလဲသွားသောမဉ္ဇူကိုခတ္တာနားမလည်နိုင်

သို့ပေမယ့် ဒီပြောင်းလဲခြင်းကခတ္တာအတွက်တော့နိဗ္ဗာန်တမျှပင်

မနေ့ညကသူ့ကိုအထင်လွဲသွားပြီထင်နေခဲ့သမျှ မနက်ရောက်တော့သူ့ရဲ့အပြုအမူတို့ကြောင့်ပင် ကျိတ်ကျိတ်ပီးပြုံးမိနေသည်ကအကြိမ်ကြိမ်

ပေါ်တင်လဲမပြုံးရဲ.....ဟုတ်သည်လေ ခုတောင်ဒီလောက်ဆူနေတာ ပြုံးနေတာသာသိရင်သူ့ကိုလှောင်ပါသည်ဆိုပီး ပြောနေတာနဲ့တင်ကျောင်းတက်ရတော့မည်မဟုတ်😥....

နှစ်ယောက်သားအကုန်ပြင်ဆင်ပြီးသည့်တိုင်သော်ကပေါ်မလာသေး ဖုန်းလဲဆက်မရ....

Memories |completed|Donde viven las historias. Descúbrelo ahora