Part 24 (Unicode ver)

689 28 0
                                    

"ဒီလောက်ထိဖြစ်နေတာကိုစနေနိုင်သေးတယ်နော်..ဆေးရုံကဆင်းမှတွေ့မယ်..ဟွန်း....''

"အ....''

"ဘာဖြစ်တာလဲခတ္တာ....အရမ်းနာနေလား....''

"အွန်းနာတယ်...ရင်ဘတ်က....''

"ခနနော်ဆရာဝန်သွားခေါ်....''

"မဟုတ်ဘူး ကိုယ်နာတာကနှလုံးသားထဲကနာတာ....''

"ဒါဆိုနှလုံးကိုထိသွားလို့များလား...ဒုက္ခပါပဲ...''

"အရူးလေး ပြောနေတာကိုသဘောမပေါက်ဘူး...ဟူး...
ကိုယ့်ကိုနမ်းပါbabe...ကိုယ်မင်းရဲ့အနမ်းကိုတမ်းတနေမိလို့..''

"ဟာ..ဆေးရုံကြီးမှာ....''

"ဘာဖြစ်လဲမေမေစောစောကမှပြန်သွားတာ အခြားဘယ်သူမှလဲမရှိဘူး...''

"ရှင်နော်...''

"လုပ်ပါbabeရဲ့..ကိုယ်မထနိုင်လို့ကိုယ့်ကိုနမ်းပါနော်...''

"ရှူ း...စကားတွေပြောနေတော့ဘယ်လိုနမ်းရမှာလဲ...လူလည်ကြီး...ဟွန်း....''

ခတ္တာ၏ကုတင်လေးပေါ်ဘေးစောင်းလေးတက်ထိုင်လိုက်သည်။ထို့နောက်သူမအနီးသို့အသာအယာကပ်ကာသူမ၏နှုတ်ခမ်းသားလေးကိုနမ်းလိုက်လေသည်။

ချို မြိန်သည်။သူမရဲ့နှုတ်ခမ်းသားလေးတစ်စုံကချိုမြိန်လွန်းလှသည်။ထိုနှုတ်ခမ်းသားတစ်စုံကိုလဲမက်မောသည်။

အနမ်းတွေရှည်ကြာလာတာတော့မဆန်းဘူးဟုထင်ရလိမ့်မည်။အသက်ဘေးကနေမသေရုံတမယ်လွတ်မြောက်လာတဲ့သူမကိုထပ်ပြီးဆုံးရှုံးရမှာကြောက်မိသည်။ထို့ကြောင့်ပျောက်ကွယ်သွားမယ့်လူတစ်ယောက်ကိုနမ်းမိနေသလို..ချစ်ခင်နှစ်သက်တဲ့လူတစ်ယောက်ကိုနှုတ်ဆက်ခွဲခွာလိုက်ရသလိုမျိုး..
မဟုတ်ဘူး..သူမကိုထပ်ခွဲခွာခွင့်မပေးနိုင်ဘူး....

အနမ်းတို့ကိုခတ္တခဏရပ်လိုက်ရင်း...

"ခတ္တာဂတိမတည်ဘူး....နောက်ပြီးတကိုယ်ကောင်းအရမ်းဆန်တယ်အဟင့်...😭...''

"ဘာဖြစ်လို့ငိုတာလဲbabeရဲ့.....''

"ငိုမှာပဲ...ခွဲမသွားပါနဲ့ပြောပြောနေတာဘယ်သူလဲ...တကယ်တမ်းခွဲသွားဖို့ပြင်နေတာဘယ်သူလဲ....''

Memories |completed|Where stories live. Discover now