"🔊🔊🔊........''
"ဘေဘီရေ.....မပီးသေးဘူးလား......သွားမယ်''
"လာပါပီဆို😒...''
အဆောင်ထဲကကော့တော့ကော့တော့လေးထွက်လာရင်း"အဲ့ဘေဘီလို့မခေါ်ပါနဲ့ဆို😕...''
"အမ်..အဲ့တာဆိုဘယ်လိုခေါ်ရမှာလဲ....ချစ်လို့ခေါ်ရမလား....သဲလေးလို့ခေါ်ရမလား😙😙''
"တော်ပီ....အဲ့တာတွေတစ်ခုမှမခေါ်နဲ့😤😤''
"ဟုတ်ပါပီတော်ရေ.....ကဲပါလာ တော်ကြာလက်မှတ်မရပဲနေမယ်....''
ခတ္တာနဲ့မဉ္ဇူ ဒီနေ့dateလုပ်သည်လားဆို
ဟုတ်သည်လဲပြောလို့ရသည်။
မဟုတ်ဘူးလဲပြောလို့ရသည်။ရုပ်ရှင်ကြည့်ရန်သာထွက်လာကြခြင်းသပ်သပ်
ခတ္တာဆိုင်ကယ်လေးနှင့်နှစ်ယောက်သားရုပ်ရှင်ရုံကိုအရင်ရောက်လာကြသည်။
ရုပ်ရှင်ရုံတွင်ဆိုင်ကယ်အပ်နေစဉ်
"ဟာ...မမ..ရုပ်ရှင်လာကြည့်တာလား....''
ခေါ်လိုက်သောအသံကြောင့်နောက်ကိုလှည့်ကြည့်လိုက်တော့ မဉ္ဇူ ကိုလာနှုတ်ဆက်နေသောဟိုကောင်လေး
"အာ...ချာတိတ် ဟုတ်တယ် မင်းကော တစ်ယောက်ထဲလား.....''
"မဟုတ်ဘူးမမ...ဟိုမှာသူငယ်ချင်းပါတယ် ဟိုနေ့ကတစ်ယောက်လေ....''
"အာ..ဟုတ်ပါပီကွာ....''
"မမလက်မှတ်ဖြတ်ပြီးပြီလား မဖြတ်ရသေးရင်အတူတူဖြတ်ရအောင်လေ.....''
"အွန်း....''
"ဟီး...ဟုတ် အဲ့တာဆိုမမဖို့ကော
မမသူငယ်ချင်းဖို့ကောကျနော်တကာခံပေးမယ်...''ခတ္တာနဲနဲတော့ပေါက်လာတာနဲ့
"ရပါတယ် တို့ဘာသာပေးပါ့မယ်''
"ခတ္တာ...ကလေးကို
Sorryကွာမမသူငယ်ချင်းကစကားပြောရင်အဲ့လိုပဲမို့လို့...''*ဘာသူငယ်ချင်း😠သူငယ်ချင်းမဟုတ်ဘူးရည်းစားဟဲ့ရည်းစား.....*
မဉ္ဇူ ခတ္တာနားလေးတိုး၍တိုးတိုးလေးပြောလိုက်သည်
"စိတ်ထိန်းပါခတ္တာရယ် အဲ့တာမေမေ့မိတ်ဆွေရဲ့သားနော်
တော်ကြာသူသိပြီးမေမေ့ဆီပြန်ရောက်သွားရင်ဒုက္ခတွေရောက်ကုန်လိမ့်မယ်''
ŞİMDİ OKUDUĞUN
Memories |completed|
Romantizmဆက်ချစ်ရမှာလား နောက်ဆုတ်ရမှာလား မသဲကွဲသေးတဲ့အခြေအနေကိုဘယ်လိုရင်ဆိုင်သင့်လဲ ပထမဆုံးရေးဖူးတာပါ😁