Part 7 (unicode ver)

562 31 3
                                    

သော်ကအခန်းထဲမှာတစ်ယောက်ထဲအထီးကျန်လာသလိုလို မျက်လုံးထဲမှာတော့မနေ့ညနေကအဖြစ်ရယ် ဒီနေ့အဖြစ်ရယ်.......

တကယ်တမ်းဆန်းစစ်နေမိသည်။သော်ကခတ္တာအပေါ်မှာစိတ်ဝင်စားမိပါသည်။

သော်ကမဖြစ်နိုင်တာတွေကိုနင်တွေးနေတာပဲလို့ကိုယ့်ကိုကိုယ်ပြန်ဆုံးမနေသော်လဲ ခတ္တာကြောင့်ရင်ခုံမိတာတွေ ခတ္တာအပေါ်တွယ်တာမိတာတွေ...

ဒါတွေဟာ သူငယ်ချင်းတစ်ယောက်အပေါ်မှာရိုးသားပါတယ်လို့သူမညာချင်...ဒါပေမယ့်ကိုယ့်ကိုကိုယ်ညာနေဆဲပါ

စိတ်တွေရှုပ်လာတဲ့အချိန်တွေဆို သော်ကအမြဲပြုလုပ်မိသည်ကစီးကရက်သောက်ခြင်း...

ဖေဖေမေမေမသိအောင်သော်ကဆေးလိပ်ခိုးသောက်တတ်နေသည်က ဖေဖေနဲ့မေမေအတိအလင်းကွာရှင်းထဲက

Broken Familyကြောင့်စိတ်ညစ်ချိန်တွေကို စီးကရက်နဲ့ကုန်ဆုံးတတ်ခဲ့တာ သော်ကကိုးတန်းထဲကပင်

ခုလဲသော်ကစိတ်တွေရှုပ်နေတာကြောင့် တစ်ယောက်ထဲရှိနေတာပဲဆိုသည့်အတွေးနှင့် ညနေကဝယ်ထားသည့်kentဘူးလေးကိုဖောက်သောက်နေမိသည်

ထိုအချိန်......ထိုအချိန်မှာပဲ

"သော်က......''

ရုတ်တရက်ထွက်ပေါ်လာသောအသံစူးစူးကအခန်းထဲပင်လှိုင်သွားသည်

"သော်က...နင်...နင်..''
ပြူးကြောင်ကြောင်နှင့်ကြည့်နေသောခတ္တာကိုသော်ကကခက်ညှိုးလေးနှင့်သူ့နှုတ်ခမ်းလေးကိုပိတ်ပြရင်းခတ္တာအနားကိုဘယ်လိုရောက်မှန်းမသိရောက်သွားသည်။

"တိုးတိုးပြောပါခတ္တာရ...''

"နင့်လက်ထဲက...''

"ဆေးလိပ်လေ.....''

"ဆေးလိပ်မှန်းတော့သိသားပဲ နင်ဘာလို့သောက်နေတာလဲ''

"တိုးတိုးပြောပါခတ္တာရယ် အဆောင်မှူ းကြားသွားလိမ့်မယ်.....
ငါစိတ်ရှုပ်နေလို့သောက်မိတာပါ''

"စိတ်ရှုပ်ရှုပ်မရှုပ်ရှုပ် နင်ကမိန်းခလေးလေ နင်နဲ့ဆေးလိပ်နဲ့ဆိုတာ ဘယ်လိုမှမသက်ဆိုင်ဘူး''

"Ommပါ နင်မကြိုက်ဖူးဆိုရင် ငါဆက်မသောက်တော့ပါဘူး....''

"မသောက်နဲ့ ဆေးလိပ်သောက်တာ လူအတွက်ဘာအကျိုးပေးလို့လဲ သောက်တဲ့လူကော ပတ်ဝန်းကျင်ကလူတွေကော ဒုက္ခရောက်ရတာကို....''
လူကြီးတစ်ယောက်လိုဆုံးမနေသောခတ္တာကြောင့်သော်ကမှာ အပြစ်လုပ်ထားတဲ့ကလေးငယ်လေးသဖွယ်ခေါင်းလေးငုံ့လျှက်
မျက်နှာလေးကတော့ဇီးရွက်သာသာရယ်

Memories |completed|Nơi câu chuyện tồn tại. Hãy khám phá bây giờ