📞📞📞
"Hello''"ဟွန်....အသံကြီးကလဲ...ဘာဖြစ်နေတာလဲ.....''
"ဘာမှမဖြစ်ဘူး....''
"ဘာမှမဖြစ်ဘူးလဲပြောသေးတယ်...ပြောနေတာကလဲမာဆပ်ဆပ်ကြီး...ဘာလဲဖျားနေပြီလား....''
"မဖျားဘူးအကုန်ကောင်းတယ်...ဘာကိစ္စဖုန်းဆက်တာလဲ...''
"ကြည့်ပါလား....တစ်ခုခုဖြစ်နေပါပြီဆို.....''
"မဖြစ်ပါဘူးဆို...ပြော...ဘာကိစ္စလဲ....''
"ဟီး...မနက်ဖြန်လေသစ္စာတို့နဲ့အတူတူဘုန်းကြီးကျောင်းလိုက်မလို့...ဟိုသူတို့ကအခါတွင်းတိုင်းဘုန်းကြီးကျောင်းမှာအလှူ လုပ်နေကြမို့လို့.....''
"ကြွ....''
"ခတ္တာ...ဘယ်လိုပြောလိုက်တာလဲ...ဒါကုသိုလ်လုပ်မှာလေ...''
"Sorry...သွားချင်သွား...''
"ခတ္တာ...ခတ္တာbabeကိုစိတ်ဆိုးနေတာသိတယ်....ဒါပေမယ့်ဘာကိုစိတ်ဆိုးနေတာလဲ....
တကယ်လို့စိတ်ဆိုးတယ်ဆိုရင်တောင်ကုသိုလ်လုပ်မယ့်ကိစ္စပြောနေတာလေကွာ အဲ့လိုတော့မပြောပါနဲ့....''"အေးမပြောဘူး နင်လဲသူနဲ့အတူတူသွားချင်မှာပေါ့....သူလဲနင့်ကိုတော်တော်လွမ်းနေတယ်ထင်တယ်နော်''
"ဘာလဲအဲ့တာသဝန်တိုနေတာပေါ့....''
"မတိုဘူး....''
"ခတ္တာနော် ခတ္တာရဲ့စကားပြောပုံကbabeကိုသဝန်တိုနေတာသိတယ်....''
"ဟုတ်တယ်...သဝန်တိုတယ်..ကိုယ့်ချစ်သူတစ်ယောက်လုံးကိုကိုယ့်ရှေ့မှာဖက်လားဆွဲလားလုပ်နေတာကို....ဘယ်သူကသဘောကျမှလဲ....''
"ဟီး....''
"ဘာရီတာလဲ....''
"သဘောကျလို့...''
"ဘာ...babe...ကိုယ်စိတ်ဆိုးနေတာနော်...''
(ခုနကနင်နဲ့ငါလေခုကျbabeနဲ့ကိုယ်တဲ့လား)"အဲ့စိတ်ဆိုးနေတာလေးကိုပဲသဘောကျတာ...
ကိုယ့်တုန်းကလဲရှင့်ကိုသော်ကနဲ့သဝန်တိုခဲ့တာပဲ...
ဒါပေမယ့်လေရှင်ကြီးကျမကိုမယုံတာတော့စိတ်မကောင်းဖြစ်တယ်....ရှင်သိလားသစ္စာဆိုတာကျမငယ်ငယ်လေးထဲကပေါင်းလာတဲ့တစ်ယောက်တည်းသောသူငယ်ချင်း....ရှင်နဲ့မတွေ့ခင်အထိသူတစ်ယောက်ထဲနဲ့ပဲပေါင်းလာခဲ့တာ...တစ်ယောက်နဲ့တစ်ယောက်ကညီအစ်မတွေလိုနေလာတာပါနော်...''
ESTÁS LEYENDO
Memories |completed|
Romanceဆက်ချစ်ရမှာလား နောက်ဆုတ်ရမှာလား မသဲကွဲသေးတဲ့အခြေအနေကိုဘယ်လိုရင်ဆိုင်သင့်လဲ ပထမဆုံးရေးဖူးတာပါ😁