{Warning😁😁::::::နည်းနည်း18+ဆန်လို့}
အများကြီးတော့မဟုတ်ပါဘူး နည်းနည်းလေးပါတာပါခတ္တာမဉ္ဇူကိုဖွင့်ပြောပြီးသည့်နေ့မှစ၍ ယနေ့ထိမျက်နှာချင်းမဆိုင်ရဲသေး။လေးရက်မြောက်လာခဲ့ပြီ။
မျက်နှာပူတာရော..နောက်ပြီးမဉ္ဇူ သူ့ကိုတွေ့ရင်စိတ်ကသိကအောက်ဖြစ်မည်ဆိုးတာကြောင့်ရော.....
ဒီရက်ပိုင်းအတွင်းကျောင်းလဲမသွားမိ။ သွားဖြစ်သောရက်များတွင်လည်း မဉ္ဇူ နှင့်အတူမထိုင်မိ။လူလွတ်နေသောနောက်ဆုံးတန်းချောင်လေးတွင် သူမကိုငေးနေတတ်ခဲ့သည်။ ကျောင်းမှပြန်လာသောနေ့များတွင်လည်းသူမနှင့်မလှမ်းမကမ်းမှလိုက်လာနေတတ်ခဲ့သည်။
"ခတ္တာ....''
"အော် ECမ လာလေ....''
"ဟိုလေ.... ဒီနေ့ကငါ့မွေးနေ့လေ...အာ့ညနေမွေးနေ့ပါတီလုပ်မှာ...အာ့နင်လာခဲ့ပါလား''
"အားတော့နာပါတယ်ဟာ...ငါနေလို့နည်းနည်းမကောင်းချင်လို့မလာတော့ဘူးလေ။''
"နင်ကလဲဟာ...လာပါဟ...မဉ္ဇူတောင်လာမှာကို....''
*သူမကောတဲ့လား...*
"ငါနေလို့သိပ်မကောင်းလို့ပါ....မလာတော့ဘူးနော်''
"အေးပါ...ရပါတယ်.....နင်မှအဆင်မပြေတာကို no prob ပါဘေဘီ ငါကျန်တဲ့လူတွေကိုလိုက်ဖိတ်လိုက်အုံးမယ်။''
"Aww ECမ''
"ဝေ....''
"Happy Birthdayပါ....''
"ဟီး ကျေးဇူး....''
"နောက်ပြီး.....''
"....''
"ဘယ်မှာလုပ်မှာလဲ....ငါမေးတာကသိချင်ယုံပါ....''
"Aww....ငါ့အိမ်မှာပဲ...ဟီး.....
ပါတီဆိုလို့ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး
လူလေးနည်းနည်းရယ်ပဲ
မုန့်ကျွေးမယ်....နောက်ပြီး.....
😁😁ဟို သောက်စရာလေးနည်းနည်းရယ်။''"Aww...''
"ကဲ...သွားဦးမယ်...''
"Ommm.....''
##########
ECမွေးနေ့ကိုမသွားဖြစ်လိုက်ပါ။ ခတ္တာကိုယ်တိုင်ကလဲလူရှုပ်လျှင်မနေတတ်..
YOU ARE READING
Memories |completed|
Romanceဆက်ချစ်ရမှာလား နောက်ဆုတ်ရမှာလား မသဲကွဲသေးတဲ့အခြေအနေကိုဘယ်လိုရင်ဆိုင်သင့်လဲ ပထမဆုံးရေးဖူးတာပါ😁