ညအမှောင်တို့က ကြီးစိုးလျက်။အပ်ကျသံပင်မကျလောက်အောင် အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေလျက်ရှိသည်။ ရှောင်းကျန့်
နာရီကိုကြည့်လိုက်တော့ အချိန်အားဖြင့် မနက်၃နာရီခန့်ရှိပြီ။ဒီအချိန်ထိ သူတစ်ရေးမှမမှေးရသေးဘူး။သူဌေး လုပ်ခိုင်းထားသည့် project ကို အာရုံစိုက်နေသည်မှာ တစ်လခန့်ပင်ရှိတော့မည်။အိပ်ရေးပျက်ရသည့် ညတွေကလည်း မရေတွက်နိုင်တော့။ရှောင်းကျန့်အတွက်တော့ ဒီအလုပ်ကဘဝပဲ။သူဝါသနာပါရာ အလုပ်ကိုလုပ်နေရသည့်အတွက်သူပျော်သည်။အိပ်ရေးပျက်လည်း ရှောင်းကျန့်ကမမှုတော့ဘူး။Graphic Designer ဘဝကိုရွေးချယ်ပြီးကတည်းက
သူ့အလုပ်ထဲ ခေါင်းနှစ်ထားသည်မှာ နှစ်များစွာပင်မကတော့ပေ။ရှောင်းကျန့် နောက်ဆူံးပုံကိုလက်စသတ်ပြီးနောက် အိပ်ရာဝင်ခဲ့သည်။မနက်ဖြန် ဆက်လုပ်ရမည့် တာဝန်တွေကို တွေးရင်းနဲ့တစ်ညကုန်ဆူံးရပြန်သည်။
ရှောင်းကျန့် အပြီးသတ်ပြီးစ projectကို သူဌေးဆီ ပြနိုင်ရန် အိမ်ကစောစောထွက်လာခဲ့သည်။ရှောင်းကျန့် အလုပ်လုပ်ရာနေရာနှင့်
အိမ်သည် သိပ်တော့မဝေးလှပေ။ထို့ကြောင့် ရှောင်းကျန့် အလုပ်သွားလျှင် လမ်းလျှောက်၍သွားလေ့ရှိသည်။ဒီနေ့လည်း ပုံမှန်အတိုင်း လျှောက်လာရင်းနဲ့
လမ်းဘေးမှာ ထိုင်နေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်တယ်။၁၃နှစ်လောက်ရှိဦးမယ်လို့ ရှောင်းကျန်းထင်မိတယ်။အဲ့ဒီကောင်လေးက စကိတ်စီးရင်းနဲ့ ဒါဏ်ရာရနေတဲ့ပုံပဲ။သူ့ဒူးလေးကို ကိုင်ပြီးငိုနေတယ်လေ။ရှောင်းကျန့် အဲ့ဒီကောင်လေးကို ကြည့်ရင်းမနေနိုင်တော့...
" ကလေး၊ ဘာဖြစ်နေလို့လဲ "
ရှောင်းကျန့်မေးလိုက်တော့ အဲ့ဒီကောင်လေးက မျက်ရည်ကြည်တွေဝိုင်းနေတဲ့ မျက်ဝန်းညိုတွေနဲ့ မော့ကြည့်လိုက်တယ်။
" သား ဒူးခေါင်း ဘာဖြစ်သွားလဲမသိတော့ဘူး၊နာနေတယ် "
ကောင်လေးက ပြောရင်းနဲ့ငိုမဲ့မဲ့လေးဖြစ်လာတယ်။ရှောင်းကျန့်လည်း ရုတ်တရက်ဘာလုပ်ပေးရမှန်းမသိဘူးဖြစ်နေတယ်။