ရှောင်းကျန့် အလုပ်ဆင်းတော့လည်း ရိပေါ်ကကြိုစောင့်နေတယ်။လင်းအာကလည်း သူ့ဘေးကနေစကားပြောရင်း လိုက်လာတယ်။
"ကျန့်ကော"
ခေါ်သံနဲ့အတူ ရိပေါ်ကသူ့ဘေးနားကိုရောက်လာတယ်။"အော်...ဒါနင်ပြောနေကျ ကလေးလေးလား၊ဟိုတစ်ခါတွေ့တာ မနှုတ်ဆက်လိုက်ရဘူး၊
ကလေးလေး...အစ်မနာမည်လင်းအာပါ"ရိပေါ် လင်းအာဆိုတဲ့အစ်မကို အပြုံးလေးနဲ့တုံ့ပြန်လိုက်ရင်း...
"ကျွန်တော့်အသက် ၂၀ထဲဝင်နေပြီဗျ၊ကလေး မဟုတ်တော့ဘူး"
သူပြောလိုက်တော့ ကျန့်ကောကခါးကိုဆွဲဆိတ်တယ်။
"အား!ကော ဘာလို့ဆိတ်တာလဲဗျာ၊နာသွားပြီ""ဟဲ့ ကျန့်ကျန့်ရယ်၊ကလေးကို အရမ်းနာအောင်မလုပ်ပါနဲ့"
"ကျွန်တော် ကလေးမဟုတ်ဘူးလို့ "
ကလေးလို့အခေါ်မခံချင်တာကို ထပ်ခါတလဲလဲခေါ်ခံနေရတာကြောင့် စိတ်ကတိုလာတယ်။သူ့အသံက ကျယ်သွားတယ်ထင်။ကျန့်ကောက ဗိုက်ခေါက်ကို ထပ်လိမ်ပြန်တယ်။
"လင်းအော်...ငါကပဲသူ့အစားတောင်းပန်တယ်နော်၊သူက ကလေးလို့ခေါ်ရင်မကြိုက်ဘူးလေ အဲ့ဒါကြောင့်"
ရှောင်းကျန့် အားနာနာနဲ့ဆိုမိတော့ လင်းအော်က စိုးရိမ်တကြီးပြောတယ်။
"နင့်လက်ကို လွှတ်ပေးလိုက်ဦး၊ဟိုမှာ ကလေးနာနေပြီဟဲ့"
ဒီတော့မှ ရှောင်းကျန့် ရိပေါ်ကိုအလွှတ်ပေးလိုက်တယ်။သူဆွဲလိမ်တာ အားသိပ်မပါပေမယ့်
ရိပေါ်ရဲ့မျက်နှာက နီရဲနေပြီ။"ဒီမယ် အစ်မ၊ကျန့်ကောကပဲ ကျွန်တော့်ကို ကလေးလို့ ခေါ်တာပဲသဘောကျတယ်၊ဒီတော့ ရိပေါ်လို့ခေါ်ပေးရင် ရပါပြီ"
ရိပေါ်က မျက်နှာထားတည်တည်နဲ့ဆိုတော့ လင်းအာခမျာ ခဏကြောင်သွားရှာတယ်။ပြီးမှ ရိပေါ်ရဲ့ ဆိုလိုရင်းကိုသဘောပေါက်သွားပုံရတယ်။အားရပါးရရယ်ပါလေရော။
"ကျန့်ကျန့် နင့်ကလေးက မလွယ်ဘူးဟေ့!၊အခုကတည်းက ပိုင်ဆိုင်ကြောင်းတွေပြနေပြီ၊
ဟုတ်ပါပြီ...ကျန့်ကောရဲ့ကလေးရယ် ဒီအစ်မက မှားပြောမိလို့ ဆောရီးပါကွယ်"