ဝမ်ချေချေကို ပြုံးစေတဲ့သူ

4.1K 355 5
                                    

ရိပေါ် ကောကိုဖွင့်ပြောလိုက်မိပြီးတော့ ထွက်လာခဲ့သည်မှာ ခလုတ်တိုက်လုမတတ်ပဲ။သူ့ရဲ့ဘေးမှာ ကျန့်ကောပါမလာသည်ကို သတိရသွားသည်က ဘတ်စ်ကားမှတ်တိုင်ကိုရောက်မှဖြစ်သည်။

သူဘေးပတ်ဝန်းကျင်ကို မျက်လုံးကစားကာရှာကြည့်လိုက်တော့ မှတ်တိုင်နဲ့မလှမ်းမကမ်းမှာ ကျန့်ကောကရပ်နေသည်ကို တွေ့လိုက်ရသည်။သူလှမ်းကြည့်နေသည်ကို ကောကရိပ်မိပုံရသည်။သူ့ကို တစ်ချက်မျှကြည့်ပြီးနောက် အနားကိုလျှောက်လာသည်။

စီးရမည့်ဘတ်စ်ကားမရောက်ခင်အချိန်ထိ သူတို့နှစ်ဦး စကားတစ်ခွန်းမျှမပြောမိသေးပေ။ဘတ်စ်ကားရောက်လာတော့ ကျန့်ကောက
သူ့ကိုတောင် မစောင့်ဘဲအပြေးတက်သွားရှာလေရဲ့။စိတ်ထင်၍ပဲလား မသိဘူး။ဒီနေ့မှ ဘတ်စ်ကားက လူရှင်းနေ၍ ထိုင်ခူံတွေကလွတ်နေသည်။

ကျန့်ကောက မှန်နဲ့ကပ်လျက်ခူံမှာဝင်ထိုင်နေတော့ လွတ်နေတဲ့ဘေးခုံမှာ ရိပေါ်ကပ်ထိုင်လိုက်သည်။ကောကို ကြည့်လိုက်တော့ နားကျပ်ကြီးတပ်၍ အပြင်ကိုသာငေးကြည့်နေသည်။ရိပေါ် နည်းနည်းတော့ဝမ်းနည်းလာမိသည်။အရင်ကဆို ဘတ်စ်ကားစီးတိုင်း သူငြိမ်နေရင်တောင် ကျန့်ကောက ဘေးကနေစကားတွေပြောနေလေ့ရှိသည်။

ရိပေါ် ငြိမ်ငြိမ်လေးထိုင်နေရင်းနဲ့ မြင်ကွင်းထဲရောက်လာသည်က နားကျပ်လေးတစ်ဖက်။ကောကို ငေးကြည့်လိုက်တော့ ယူလေဆိုသောအကြည့်နဲ့ နားကျပ်ကို ရိပေါ်ဆီသို့ထိုးပေးနေလေရဲ့။

သူချက်ချင်းပဲ ကောကိုပြုံးပြလိုက်ပြီး နားကျပ်ကိုတပ်ထားလိုက်တယ်။

" ကော...ကျွန်တော့်ကိုစိတ်ဆိုးလားဟင်၊ဒီလိုကြီး ဖွင့်ပြောမိတော့လေ၊ကျွန်တော်လည်း တကယ်မရည်ရွယ်ပါဘူး...ဒါပေမယ့်ကျွန်တော့်စိတ်ကိုမထိန်းနိုင်ဘူးဖြစ်သွားတယ်"

ရိပေါ် ခပ်တိုးတိုးလေးပြောလိုက်ပေမယ့် ကောကကြားသွားသည်ထင်။အပြင်ဘက်ကိုငေးကြည့်နေရာကနေ သူ့ကိုကြည့်လာပြန်တယ်။

ပြီးတော့ ရိပေါ်ရဲ့လက်ကိုခပ်ဖွဖွလေး ဆုပ်ကိုင်ရင်းနဲ့ပြောလာတယ်။

" ကော...ရိပေါ်ကို စိတ်မဆိုးဘူး၊ဒါပေမယ့်ကောအခု စိတ်တွေရှုပ်ထွေးနေလို့ ခဏလွှတ်ထားပေးပါလား"

622Where stories live. Discover now