အချစ်ဦးက

3.2K 302 5
                                    


"ရိပေါ်...ကလေး၊အိမ်မပြန်ဖြစ်တာ ဘယ်နှစ်ရက်ရှိပြီလဲ"

ဝမ်ရိပေါ် ရှောင်းကျန့်ဆီမှသောင်တင်နေသည်မှာ သုံးရက်ခန့်ရှိပြီ။ပုံမှန်ဆိုရင်တော့ သူ့ကိုအလုပ်လာကြိုပြီးရင် ပြန်တတ်သည်။

"ကျန့်ကောကြောင့်လေ...စကားမှနားမထောင်တာ ဖျားမှာစိုးလို့ အနွေးထည်ထူထူဝတ်ပါဆို၊လူကိုဆို အရေးကိုမလုပ်ဘူး"

ရိပေါ် ပြောလည်းပြောချင်စရာပါပဲ။ရှောင်းကျန့်
ဝရံတာထွက်ထိုင်ရင်း လေစိမ်းတိုက်တော့အအေးပတ်ချင်သလိုဖြစ်နေတာ။အလုပ်ကို အာရုံစိုက်ရင်း ဂရုမစိုက်ဘဲထားမိတော့ ပိုဆိုးသွားသည်။

"နောက်ဆို အလုပ်ပဲအာရုံထားမနေနဲ့၊လူကိုကြည့်တော့ ယဲ့ယဲ့ပဲကျန်တော့တာ၊ကျန့်ကောသာ တစ်ခုခုဖြစ်ရင် ရင်ကျိုးရမှာက ဒီကောင်ဗျ"

ရိပေါ်က ဆေးလုံးတစ်ချို့ကို သူ့လက်ထဲထည့်ပေးလာသည်။နောက်တော့ အဖိုးကြီးလေးလို တဖွဖွပြောရင်း ရေဘူးသွားယူပေးပြန်သည်။

"အင်းပါ...ကောပဲတောင်းပန်တယ် ဟုတ်ပြီလား"

ရှောင်းကျန့် ပြုံးတုံ့တုံ့လုပ်ရင်း ပြောလိုက်တော့ ရိပေါ်က​ဘေးမှာလာထိုင်သည်။ရှောင်းကျန့်လက်နှစ်ဖက်ကိုဆွဲယူကာ ရိပေါ်ကသူ့ပါးပေါ်မှာ ထိကပ်ရင်းခပ်တိုးတိုးလေးဆိုသည်။

"ကျွန်တော်ကလေ...ကောနဲ့ပတ်သက်ရင်
ဘာမှကိုမမြင်နိုင်လောက်အောင် ရူးနေပြီထင်တယ်"

"အဟမ်း...အပိုတွေမပြောနဲ့"

"မပိုပါဘူး ကောရ၊ကျန့်​ကောကို ပထမဆူံးတွေ့ကတည်းက ကျွန်တော့်အတွက် ထူးခြားတဲ့သူမှန်း ခံစားမိခဲ့တာ၊ကျွန်တော့်ဘဝရဲ့ လိုအပ်ချက်တစ်ခုလိုပေါ့"

"အင်း...ကောရဲ့ကလေးလေးတောင် အတော်ရင့်ကျက်လာပြီပဲ၊ကြည့်ပါဦး...ချောလာလိုက်တာ"

ကျန့်ကောဆီက အမွှမ်းတင်စကားတွေကြားရတော့ ရိပေါ်မနေတတ်ပြန်။ခေါင်းငူံ့ရင်းသာ ခိုးပြုံးနေမိသည်။

"ကျွန်တော်ချောတာ သိပါတယ်နော်၊ကျန့်ကောသာ အခုမှသတိထားမိလို့နေမှာပေါ့၊အင်းပေါ့လေ...အရင်ကအစ်မချောချောလေးတွေ ဘေးနားဝိုင်းနေတာဆိုတော့ ဘယ်သိပါ့မလဲနော်"

622Where stories live. Discover now