ရက်လနှစ်တွေပြောင်းလာခဲ့သည် သူံးနှစ်ကျော်၊လေးနှစ်နီးပါး။မျက်ဝန်းညိုကလည်း ရှောင်းကျန့်မျက်စိရှေ့တွင် အရွယ်ရောက်လာသည်မှာ အထက်တန်းကျောင်းသားကြီးပင်ဖြစ်လို့နေပြီ။
အခုလည်းကြည့်...။ရှောင်းကျန့်အလုပ်ကပြန်လာတဲ့အချိန်ထိ အိမ်နားမှာယောင်လည်လည်လုပ်နေသည်။စကိတ်တစ်စီးနှင့် ဟိုဘက်ပတ်လိုက် ၊ဒီဘက်ပတ်လိုက်နဲ့။
"ရိပေါ်...၊ဒီနေ့လည်း အတန်းမသွားပြန်ဘူးလား"
ရှောင်းကျန့်ကိုမြင်၍ ရိပေါ် ပြုံးပြလိုက်တယ်။ကောဆီမှာ ဒီလိုအဆူမခံရတာ အတော်ကြာပြီလေ။
" ကောကလည်း၊ကျွန်တော်က ကောစကားကို နားထောင်ပြီး အတန်းလည်းတက်ပြီးပြီ၊အခုလည်း အိမ်ကိုတောင်မပြန်ဘဲ ကောကိုလာစောင့်နေတာကိုနော်..."
ကြည့်ပါဦး သူ့ရဲ့မျက်ဝန်းညိုလေး။မျက်ဝန်းလေးတွေနဲ့ နှုတ်ခမ်းထော်ထော်လေးက အရင်ကအတိုင်းပဲ။အရွယ်ရောက်လာလို့ ပါးဖောင်းဖောင်းလေးတွေပျောက်သွားပေမယ့် ရှောင်းကျန့်အပေါ် ဆိုးတဲ့စိတ်ကလေးက ပျောက်မသွားဘူး။လူချောလေးမို့လည်း ကျောင်းမှာ ပေါ်ပြူလာဖြစ်သည့်အပြင် မိန်းကလေးတွေရဲ့အသည်းစွဲလေး ဝမ်ရိပေါ်။တစ်နည်းအားဖြင့် ရှောင်းကျန့်ရဲ့မျက်ဝန်းညိုလေးရယ်ပါ။
" လိမ္မာလိုက်တာ... ခွေးပေါက်လေးက"
ပြောရင်းနဲ့ ရှောင်းကျန့် ရိပေါ်ရဲ့ပါးလေးကိုဆွဲလိမ်လိုက်တယ်။
" အ!!!ကော...နာပါတယ်ဆို ၊မလုပ်နဲ့လို့ "
ရှောင်းကျန့်ရဲ့လက်ရာကြောင့် ရဲတက်သွားတဲ့ပါးလေးတွေ။တကယ်လည်း နာသွားပုံပါပဲ။
" အဟား...ကျောင်းမှာရော ကောင်မလေးရှိပြီလား ကလေး "
" အာ...ကောကလည်း ၊မရှိပါဘူးဗျာ...ထားခဲ့ရင်လည်း ကောကိုပဲအရင်ဆူံးပြောပြမှာ "
အရင်ဆုံးပြောပြမှာတဲ့လား ကလေးရယ်။ရှောင်းကျန့်ရဲ့ မျက်ဝန်းညိုလေးအပေါ် ခံစားချက်တို့အရောင်ပြောင်းခဲ့သည်မှာ ကြာခဲ့ပြီ။ဒီကလေးလေး တစ်ယောက်တည်းကိုပဲ အရိပ်တကြည့်ကြည့်ဖြတ်သန်းလာခဲ့သည်မှာ သူ့အသက် ၂၅နှစ်တိုင်အောင်ပင်ဖြစ်သည်။