သဝန်တိုခြင်း

4.8K 421 2
                                    

မနက်စောစော ကိုယ်ချစ်ရတဲ့သူရဲ့မျက်နှာလေးကို မြင်နေရခြင်းက ကြည်နူးစရာတစ်ခုပဲ။
အခုလည်း ရှောင်းကျန့်စောစောနိုးနေတာနဲ့
ဘေးက ခွေးပေါက်လေးကို ကြည့်နေမိသည်။

ပေါ်လွင်နေတဲ့ နှာတံချွန်ချွန်လေးကို အသည်းယားနေတာနဲ့ လက်ညှိုးလေးနဲ့ ထိကြည့်မိတယ်။ပြီးတော့ နှုတ်ခမ်းပါးလေးတွေ...
ပန်းရောင်ပြေးနေတဲ့ နှုတ်ခမ်းလေးတွေက
အရသာရှိမယ့်ပုံပေါ်နေတယ်။

အား...ရူးတော့မှာပဲ။စိတ်ထိန်းစမ်း...ရှောင်းကျန့်။

ကိုယ့်ကိုကိုယ်ပြန်သတိပေးရင်းနဲ့ ရေချိုးခန်းထဲအမြန်ပြေးရပြန်တယ်။အတော်ဒုက္ခပေးတဲ့
ခွေးပေါက်လေးပဲ။

ရိပေါ် နိုးလာတော့ ဘေးမှာကျန့်ကောက ရှိမနေတော့ဘူး။

" ကော...ကျန့်ကော"
" ဝေ့...ကောရေချိုးနေတယ် "

ရေချိုးခန်းထဲက ကောရဲ့ပြန်ဖြေသံကြားရတော့မှ အိပ်ရာထဲပြန်ခွေနေလိုက်သည်။မနက်စောစော ရိပေါ်တစ်ယောက်စောင်ထဲမှာကွေးနေချိန်မှာ ကောကတော့ ရေချိုးနေတယ်တဲ့လား။နည်းနည်းတော့ ထူးဆန်းနေလိုလိုပဲ။

ရှောင်းကျန့် အခန်းထဲကို ပြန်ဝင်လာတော့
ရိပေါ်က ကုတင်ပေါ်မှာ ထိုင်နေသည်။မျက်လုံးတွေကတော့ မှိတ်ထားဆဲပဲ။ထိုင်နေရင်းနဲ့ ဒီကောင်လေး ပြန်အိပ်ပျော်သွားတာများလား။

"ရိပေါ်...ကလေး ၊ထတော့ အတန်းနောက်ကျတော့မယ် "

"ခဏ...၅မိနစ်လောက်ပဲ...၅မိနစ်"

မျက်လုံးကို မှိတ်ပြီး လက်ငါးချောင်းသာ ထောင်ပြနေတဲ့ ကောင်ငယ်လေးဟာ ရှောင်းကျန်အတွက်တော့ ချစ်စရာကောင်းနေတယ်။ဒီကလေးကို ထိခိုက်နာကျင်စေမှာစိုးလို့ သိမ်းဆည်းလာခဲ့ရတဲ့ ချစ်ခြင်းမေတ္တာတွေ။ထုတ်မပြရက်တဲ့ သဝန်တိုမှုတွေ။ရှောင်းကျန့်ဘဝက နေမြင့်လာလေလေ အရူးရင့်လာလေလေ ဆိုသလိုဖြစ်နေတယ်။တစ်ရက်ထက်တစ်ရက် ဝမ်ရိပေါ်ဆိုတဲ့ အချစ်ဆူးလေးကို သူ့ရဲ့နှလူံးသားထဲမှာ နက်ရှိုင်းစွာ ရိုက်သွင်းနေမိတယ်လေ။

" ရိပေါ်...ကောနှိုးလို့မှ မထရင် ဘာလုပ်တတ်လဲသိလား"

ဒီတော့မှ မျက်စိတစ်ဖက်ကို ဖွင့်ပြီးကြည့်လာတဲ့ ခွေးပေါက်လေး။

622Where stories live. Discover now