Extra

3.2K 203 5
                                    

ဝမ်ရိပေါ်ဆေးရုံတက်နေရတဲ့အတောအတွင်း ရှောင်းကျန့်ခမျာ အနားမယူရဲ။ထိုက​လေးဆိုးလေးက သူ့ကိုဘယ်ကတည်းက အငြိုးထားနေသလဲတော့မသိ။ဟိုဟာယူခိုင်းလိုက်၊စားစရာတွေခွံ့ကျွေးခိုင်းလိုက်နဲ့ အားတယ်လို့ကိုမရှိဘူး။

"ကျန့်ကော...စပျစ်သီးလေးကျွေးဦး"

ပါးစပ်ထဲက စားနေတဲ့အသီးတွေတောင်မကုန်သေးဘူး။နောက်တစ်ခုကိုလက်ညိုးထိုးပြန်တော့ ရှောင်းကျန့်အလိုက်တသိ လက်ထဲထည့်ပေးလိုက်သည်။

" ကလေး..."

မဝံမရဲခေါ်တော့ ဝါးလက်စစပျစ်သီးတွေနဲ့ လှည့်ကြည့်လာတဲ့ ကောင်ကလေးဟာချစ်စရာအတိ။"ပြောလေ"ဟူသော အမူအရာနဲ့မေးငေါ့ပြတော့ ရှောင်းကျန့်စကားပြန်ဆက်လိုက်သည်။

"ကလေးပါးပါးက ပြောတယ်၊ရိပေါ်ကို ကောတာဝန်ယူပေးပါတဲ့..."

"အင်..အဲ့တော့"

ဂရုမစိုက်သလိုပြောနေသည့် ကောင်လေး၏ပါးလေးတွေကို မချင့်မရဲရှောင်းကျန့် ဆွဲကိုင်လိုက်တော့ ဘုကြည့်ကြည့်လာလေရဲ့။

"ကလေးသဘောကရော...၊ကောတာဝန်ယူမယ်ဆိုရင် လက်ခံပေးမှာလားဟင်"

" လက်မခံပါဘူး"

အသနားခံသလိုပြောနေတဲ့ ကျန့်ကောကိုစချင်တာကြောင့် လွှတ်ခနဲပြောလိုက်ပြီးမှ ပြိုတော့မလိုမိုးလို ဖြစ်သွားတဲ့ကျန့်ကောကြောင့်
နောင်တရမိပြန်သည်။ကျန့်ကောက သူ့နံဘေးနားထိုင်နေရာမှ ခပ်လှမ်းလှမ်းမှ သွားထိုင်နေတော့ သူ့မှာစိတ်ဆိုးရခက်ပြန်သည်။ကလေးဆန်ချင်တဲ့ ကလေးဆိုးကြီးပါပဲ။

"ကျန့်ကော...ကျန့်ကောလို့၊ကျွန်တော့်ဘေးကိုလာ"

လွတ်နေတဲ့နေရာကို ပုတ်ပြပြီးသူ့ကိုလှမ်းခေါ်နေတော့ ရှောင်းကျန့်မျက်နှာလွှဲပစ်လိုက်သည်။

"ကျန့်ကော...လာပါဆို၊မဟုတ်ရင် ကျွန်တော့်ကို အဆိုးမဆိုနဲ့နော်၊ပါးပါးပြောတဲ့ကိစ္စကိုပါ ပလစ်လိုက်မှာ"

အနည်းငယ်ခြိမ်းခြောက်လိုက်တော့မှ ထလာတဲ့ကျန့်ကောကြောင့် ရိပေါ်ခိုးရယ်မိသည်။မခေါ်ဘဲနေနိုင်တာလည်း မဟုတ်။နံဘေးနား စွေ့ကနဲ ဝင်ထိုင်လာတဲ့ကျန့်ကောရဲ့ လက်တွေကို ဆုပ်ကိုင်လိုက်တော့ နွေးထွေးသွားသလိုခံစားရသည်။

622Where stories live. Discover now