လွမ်းရက်က တစ်ရာနှစ်ရာ

3.3K 287 2
                                    

ကျန့်ကော အလုပ်ကိစ္စကြောင့် ခရီးထွက်သွားသည်မှာ တစ်ပတ်ခန့်ရှိပြီ။ဒီတစ်ပတ်လုံး သူကောင်းကောင်းမနေနိုင်ဘူး။လူချင်းလည်းမတွေ့ရ၊ဖုန်းအဆက်အသွယ်ကလည်း ပြတ်တောင်းပြတ်တောင်းနဲ့။တကယ်ကို ရိပေါ်စိတ်ညစ်လှပါသည်။

ကုတင်ပေါ်မှာ လှဲနေရင်းငေါက်ခနဲ ရိပေါ်ထလိုက်မိပြန်သည်။တအောင့်ကြာတော့ သက်ပျင်းချကာ ပြန်ထိုင်လိုက်သည်။ကုတင်ဘေးက ဖုန်းကိုယူကာ နံပါတ်တချို့ကို ရိုက်ပြီးခေါ်လိုက်သည်။

" တူ~တူ"

ဖုန်းဝင်သွားသည်။ချက်ချင်းတော့ မကိုင်သေးပေ။

"ဝေ...ဟယ်လို"

ပြန်ထူးသံက ကျန့်ကောအသံမဟုတ်တာကြောင့် ရိပေါ်မျက်မှောင်ကြုတ်လိုက်မိသည်။

"ရှောင်းကျန့် ရှိလားမသိဘူး"

"ကျန့်ကျန့်က အပြင်ထွက်သွားတယ်ခင်ဗျ ၊ဘာပြောပေးရမလဲမသိဘူး"

"ဝမ်ရိပေါ် ခေါ်တယ်လို့ပဲပြောပေးပါ"

စိတ်လည်းသိပ်မကြည်တာကြောင့် ရိပေါ်ဘာမှမပြောချင်။ကျန့်ကောကို သူသတိရနေသလောက် ကောကတော့သူ့ဆီကို ဖုန်းပင်မဆက်ပေ။နေလည်းနေနိုင်လွန်းလှသည့် ကျန့်ကောပင်။

ချက်ချင်းပင် ပြတ်တောက်သွားသည့် ဆက်သွယ်မှုကြောင့် ယွီပင်းကြိတ်ပြူံးလိုက်လိုက်မိသည်။ရှောင်းကျန့်မရှိတာကို စိတ်ထင့်သွားလို့ထင်ပါရဲ့။ရှောင်းကျန့်ရဲ့ကလေးလေးလို့ပြောရင် ဝမ်ရိပေါ်မှန်း ရုံးကလူတွေအတပ်သိကြသည်။အပြင်က တံခါးဖွင့်သံကြောင့် ရှောင်းကျန့်ပြန်ရောက်လာမှန်းသိလိုက်သည်။

"ကျန့်ကျန့်...မင်းကောင်လေး ဖုန်းဆက်တယ်၊ငါက မင်းအပြင်သွားတယ်လို့ပြောလိုက်တယ်"

"ဘာပြောသွားသေးလဲ

"ဘာမှတော့မပြောပါဘူး၊ဝမ်ရိပေါ် ဆက်တာလို့ပဲပြောပေးပါတဲ့"

ယွီပင်းရဲ့စကားအသွားအလာကို နားထောင်လိုက်ရတော့ ရှောင်းကျန့်စိတ်ထဲကအလိုလိုသိလိုက်သည်။ကိုယ်တော်လေး ဝမ်ရိပေါ်ရွှေစိတ်တော်ဆိုးနေပြီဆိုတာကို။

622Where stories live. Discover now