ုခေါင်းလောင်းသံတလွင်လွင်နဲ့ ခရစ်စမတ်ကာလကိုမျှော်နေကြသူအဖို့ ဒီဇင်ဘာလသည်ပျော်စရာကောင်း၏။ဝမိရိပေါ်အတွက်တော့
ကျောင်းလည်းပြီးခါနီးပြီမို့ ပို၍ပျော်ရွှင်စရာကောင်းနေသေးသည်။သို့ပေမယ့် သူ့ရဲ့ကျန့်ကောက ပိတ်ရက်မရသေးတာကြောင့် စိတ်ညစ်ပေမယ့် ကျန့်ကောကတော့ အလုပ်မှအလုပ်ဖြစ်နေသည်။တစ်မျိုးတော့ကောင်းတာပေါ့။ကျန့်ကောကို ကူညီပေးလို့ရတယ်လေ။
ဒီနေ့လည်း ကျန့်ကောအလုပ်ရှိရာ သူသွားစောင့်နေမိသည်။လက်ကနာရီကို ကြည့်လိုက်၊ကျန့်ကောအလုပ်လုပ်ရာ အဆောက်အဦးကိုမော့ကြည့်လိုက်နဲ့ ရိပေါ်အလုပ်ရှုပ်နေသည်။ပုံမှန်ထက်နောက်ကျနေသည့်အချိန်ကြောင့် စိုးရိမ်စိတ်ကထင့်ခနဲ။
"ရိပေါ်...စောင့်နေရတာကြာပြီလား၊သူဌေးက နည်းနည်းရစ်နေလို့လေ"
အားနာပြုံးလေးနဲ့ ကောကသူ့အနားကိုရောက်လာတယ်။
"မဟုတ်တာ...ကျွန်တော့်ကိုအားနာစရာမလိုဘူးလေ"
"အင်း-သွားမယ်လေ"
ရိပေါ်ရဲ့လက်ကို ခပ်ဖွဖွဆုပ်ကိုင်လာသူကြောင့် အပြူံးတစ်ပွင့်ဖြစ်ထွန်းရပြန်သည်။
"ကော...နှင်းတွေကိုကြိုက်လား"
"အင်း ကြိုက်တယ်လေ"
"ဒီဇင်ဘာမှာ ကောဘာလုပ်ချင်လဲ"
အလေးအနက် သူမေးလိုက်တော့ ကောကမျက်လုံးပြူးပြတယ်။
"အဲ့လို ပုံစံလေးတွေမလုပ်စမ်းနဲ့၊အသည်းယားလို့"
ကျန့်ကောကို နူးညံ့စွာကြည့်ရင်း သူဆိုမိတော့ ရန်ထောင်လာပြန်သည်။
"ဘာဖြစ်လဲ လုပ်တော့၊ကိုယ့်မျက်လုံး ကိုယ်ပြူးတာပဲ၊ခင်ဗျားလေးမျက်လုံးကို ငှါးမိလို့လား"
အသည်းယားလို့ ဒီကောင်ကလုပ်မိပြန်ရင်လည်း ဝမ်ရိပေါ်အလွန်ဖြစ်ပေလိမ့်မည်။တစ်ခွန်းမကျန့် ခွန်းတုံ့ပြန်တတ်သည့် ကျန့်ကောကိုမမြင်ခဲ့ရတာကြာပြီ။ဒီလိုလေးမြင်ရပြန်တော့ ကြည်နူးမှုလှိုင်းတွေက တသိမ့်သိမ့်ဖြစ်ရပြန်သည်။