Episode (2)

261 24 0
                                        

Zawgyi;

Han ကို Kris ဆိုတဲ့ စီနီယာအစ်ကိုရဲ့ ရင်ခွင်ထဲမှာ မြင်လိုက်ရချိန် Hun စိတ်ထဲမှာ ဗလောင်ဆူသွားရသည်။ ဘာဖြစ်တာမှန်းမသိ… ရင်ဘတ်ထဲက တစ်နေရာက ထူးဆန်းနေသလို အရမ်းတွေ ဒေါသထွက်မိသွားသည်။ ထို့ကြောင့် Han ကို သူထိုနေရာက ဆွဲခေါ်လာခဲ့ပြီး Han က သူ့ကို ရှင်းပြရှာပါသည်။ ဒါပေမယ့် သူ့စိတ်တွေ မတည်ငြိမ်နိုင်ဘဲ တွေးရင်း ဒေါသထွက်နေမိသည်။ တကယ်ဆို Han ကို သူမပိုင်ပါ…။ Han က သူပိုင်ဆိုင်ထားသော အရုပ်တစ်ရုပ်မဟုတ်…။ ဒါကို သိပေမယ့် သူဒေါသတွေ ထွက်နေမိတာ ဘာကြောင့်ဆိုတာလည်း သူနားမလည်နိုင်တော့…။ သူစကားကြမ်းမိသွားတာကြောင့် Han ပြန်အော်လိုက်ချိန် ဖြစ်သွားတဲ့ Han ရဲ့ နှုတ်ခမ်းနှစ်လွှာက သူ့အတွက် ဆန်းကြယ်နေသလိုမျိုး…။ သူကိုယ်တိုင်လည်း မသိတဲ့လုပ်ရပ်တစ်ခုကို Han အပေါ်သူ ကျူးလွန်မိစေသွားမယ်လို့ သူတစ်ခါမှ တွေးထင်ထားခဲ့တာမျိုးမရှိ… ဒါပေမယ့်… မခံချင်စိတ်နဲ့ တုန်ယင်နေတဲ့ သူ့နှုတ်ခမ်းပါးလေးတွေက ဗို့အားပြင်းလွန်းတယ်…

“အွန့်…”

“………….”

“ခွပ်…”

ရုတ်တရတ် ပူးကပ်သွားတဲ့ လူရိပ်နှစ်ခု…။ ပြန်ခွာလိုက်ချိန်မှာ လန့်သွားတဲ့ခပ်ပြင်းပြင်းလက်သီးတစ်ချက်နဲ့ အတူ Hun မျက်နှာလည်ထွက်သွားသည်။

“မင်းဘာလုပ်တာလဲ Hun…”

သွေးထွက်သွားတဲ့ နှုတ်ခမ်းထောင့်စွန်းကို Hun လက်နဲ့အသာ ဖိသုတ်လိုက်ပြီး

“ဟက်ခ်… နမ်းတာလေ… ဘာလဲ??? မနမ်းဖူးဘူးလား… ငါက ဟိုအဆင့်ထိပါ ရောက်ဖူးထားမယ်ထင်တာ…”

Han ရင်ဘတ်ထဲထိ စူးခနဲအောင့်တက်သွားရပြီး နာကျင်နေတဲ့ အကြည့်တွေနဲ့ Hun ကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီးမှ မျက်နှာလွှဲလိုက်ပြီး

“မင်းထင်ချင်သလိုသာ ထင်လိုက်တော့ Hun…”

ထို့အတွက် Hun ဆီက ပြန်ရလိုက်တာ အထင်သေးခြင်းမည်တဲ့ အကြည့်တွေ…။ ဟက်ခ်… ထူးဆန်းနေသေးလို့လား??? ကျွန်တော်သိပ်ကို မြတ်နိုးရပါတယ်ဆိုတဲ့ အဲ့ဒီလူထံက ဘယ်တုန်းကများ ကြင်နာနွေးထွေမှုတွေပါတဲ့ အကြည့်မျိုးပိုင်ဆိုင်ခွင့်ရခဲ့လို့လဲ…။ တဆိတ်လောက်တော့ မင်းလွန်နေပြီ မထင်မိဘူးလား Hun…။ ဘယ်တုန်းကမှ ငါ့ဘက်ကို မင်းငဲ့မကြည့်ခဲ့ဘူး… ငါဆိုတဲ့လူက မင်းတစ်ယောက်တည်းကို ကြည့်ပြီး ရှင်သန်နေတဲ့သူ… ဒါတောင်မှ မင်းမမြင်နိုင်ဘဲ အမြဲ ငါ့နှလုံးသားကို နှိပ်စက်နေတာ မင်းပါ…။ အရင်တည်းက ငါဆိုတာ မင်းအပိုင်ပါ… ဒါတောင်… မင်းက ထပ်ပြီး ရက်စက်ရက်သေးလား… ရက်စက်ပါ Hun… မင်းစိတ်ကြိုက်ပဲ…။ အစတည်းက ငါက မင်းကို အရှုံးပေးဖို့သက်သက်ဖြစ်တည်လာခဲ့တာ…။ ဒါပေမယ့်လည်း အခုတော့ ငါ ကြောက်မိတယ်… မင်းကို ဆက်ပြီးချစ်နေရမှာကို…။ မင်းကို မမုန်းနိုင်ဘဲ ငါ့နှလုံးသားကို ငါပဲ ပြန်မုန်းမိတယ်…။ ဘာလို့များ မင်းကိုမှ ချစ်မိခဲ့ရတာလဲလို့…။ Han ဘယ်လိုမှ သူ့ရှေ့မှာ ဆက်မရပ်တည်နိုင်တော့တာမို့ ကျောခိုင်းပြီး ထွက်သွားဖို့ ခြေလှမ်းလိုက်သည်။ ထာဝရ ထွက်သွားချင်တယ်… မင်းကို ချစ်နေတဲ့ ကျိန်စာသင့်နှလုံးသားကနေ လွတ်မြောက်ပါရစေတော့…။

အမုန်းမျက်နှာဖုံး {Zawgyi&Unicode}Where stories live. Discover now