Zawgyi;
တိတ်ဆိတ်တဲ့ ညကို ကီးဘုတ်ရိုက်နေတဲ့ အသံ တတောက်တောက်က ဖြိုခွင်းလိုက်သည်။
Laptop ရဲ့ Screen ပေါ်မှာ ပေါ်လာတာ Moonlight ဆိုသော Company အကြောင်း…။ ကျေနပ်စွာ ကြည့်ရင်း Hun ဟက်ခနဲ ရယ်သည်။
ခက်ခက်ခဲခဲ စုံစမ်းရမလား အောက်မေ့သော်လည်း ဖြစ်ချင်တော့ ထို Company က သူ့ဦးလေးတစ်ယောက်ပိုင်တဲ့ Company ဖြစ်နေခဲ့သည်။ အခုတော့ ထို Company က သူ့အပိုင်ဖြစ်သွားပြီလေ…။
ဦးလေးဆီက အတင်းပူဆာပြီး ၀ယ်လိုက်တော့ Hun ကို မျက်နှာအညှိုးမခံတဲ့ ဦးလေးက နောက်ဆုံးတော့ သူ့ Company ကို Hun ကို ရောင်းလိုက်ရလေသည်။ ဟက်ခ်… မင်းဘယ်လောက်ထပ်ပြီး ရယ်မောနိုင်မှာလဲ Han…။
…………………………………
“Hyung… Hyung လို့…. ကျွန်တော်ခေါ်နေတာကြာပြီ…”
လက်မောင်းကို ကိုင်လှုပ်လိုက်မှ Kris စိတ်နဲ့လူနဲ့ ပြန်ကပ်လာပြီး Han ဘက်လှည့်ကြည့်သည်။
ချက်ချင်းပူဆွေးချင်နေတဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခုက တပ်ဆင်ပြီးသား…။ အဓိက က ချစ်ရတဲ့ ကလေး စိတ်ချမ်းသာနေဖို့သာ…။
“အင်း… Hanna… Miyan ကွာ… Hyung အတွေးတွေ လွန်သွားလို့…”
Han က အပြုံးလေးနဲ့ တုန့်ပြန်လာပြီး
“ဘယ်သူ့အကြောင်းတွေးနေတာလဲ… ကျွန်တော့်အကြောင်းလား…”
ပြုံးစိစိလေးနဲ့မေးတော့ Kris သူ့ဆံပင်လေးတွေကို လက်နဲ့လှမ်းဆွဲဖွရင်း ပြုံးရပြန်သည်။
“ဒါပေါ့… ကိုယ့်ရဲ့ အသက်ရှည်ဆေးလေး အကြောင်းတွေးနေတာ…”
“ဟဟ”
Han ရယ်သံလွင်လွင်လေးက နှလုံးသားထဲထိ စီးဝင်သည်။ ဒီကလေး တစ်ချက်ပြုံး ရယ်လိုက်တိုင်းမှာ ကျွန်တော့်ကမ္ဘာက ငြိမ်းချမ်းနေတာပါ…။
“ဟိုနေ့က ၀တ်စုံက သိပ်အဆင်မပြေလို့ သွားလဲရဦးမယ် Hyung… လိုက်ခဲ့ပေးမလား…”
Kris ပြုံးရင်း ခေါင်းညိတ်ပြသည်။
“လိုက်ခဲ့ပေးရမှာပေါ့… သြော်… ဘာလိုလိုနဲ့ ကိုယ့်ကလေးတောင် အထက်တန်းကျောင်းသားလေး မဟုတ်တော့ဘူး… ဘွဲ့ရတော့မှာပဲ… ကိုယ်လည်း တဖြည်းဖြည်း အဖိုးကြီး ဖြစ်လာပြီနော်… ဟဟ…”
YOU ARE READING
အမုန်းမျက်နှာဖုံး {Zawgyi&Unicode}
Fiksi PenggemarZawgyi; ချစ်ခဲ့ပေမယ့် မချစ်ဘူးဆိုပြီး မမုန်းရက်ပေမယ့် မုန်းတယ်ဆိုပြီး အဝေးမှာ မနေနိုင်ပေမယ့် ထွက်သွားချင်တယ်ဆိုပြီး သူ့ကို ကျောခိုင်းခဲ့တဲ့နောက်... သူ့ရင်ဘတ်အက်နေတာကို အရသာခံရယ်မောရင်း ကျွန်တော့်နှလုံးသားထက်ခြမ်းကွဲခဲ့တယ်... ဟုတ်ပါတယ်... တကယ်တော့လ...
