Zawgyi;
မျက်ရည်စတွေကို အသာသိမ်းဆည်းရင်း Hyung ရင်ခွင်ထဲမှ ထွက်ကာ မျက်နှာကို မော့ကြည့်လာတော့ Hyung က သူမြင်နေကျ နားလည်နှစ်သိမ့်သည့် အပြုံးလေးနဲ့ နွေးထွေးစွာ ဆီးကြိုနေလေသည်။
အဲ့ဒါကြောင့် အဲ့လိုနားလည်ပေးမှုလေးတွေကြောင့်ပဲ Han အရမ်းအားနာမိရသည်။ ဒီလောက် နားလည်ပြီး ချစ်ပေးနိုင်တဲ့ ချစ်သူရဲ့ ရင်ခွင်ထဲမှာ တစ်ခြားသူတစ်ယောက်အတွက် သူ့မျက်ရည်စက်တွေ စွန်းထင်းစေခဲ့သည်။
ကျွန်တော်က ဘာမှ ကောင်းမပေးနိုင်သူပါ Hyung...။
Hyung ရဲ့ခါးကို ပိုတင်းကြပ်စွာ ဖက်လိုက်ပြီး
"ကျေးဇူးတင်ပါတယ် Hyung..."
"ဟင်..."
Hyung တအံတသြ ပါးစပ်လေးဝိုင်းသွားသည်။
"ကလေး... ရုတ်တရတ်ကြီး ဘာကို..."
သူ Hyung ပါးစပ်ကို လက်ညှိုးလေးနဲ့ လှမ်းပိတ်လိုက်ကာ
"အရာအားလုံးအတွက်... ကျွန်တော့်လက်ကို မဖြုတ်ဘဲ တွဲထားပေးတဲ့အတွက်... ကျွန်တော့်ကို ချစ်ပေးတဲ့အတွက်... ကျွန်တော့နားမှာ အမြဲရှိနေပေးပြီး ဖေးမပေးတဲ့အတွက်... ကျေးဇူးတင်ပါတယ်... အရမ်းကျေးဇူးတင်ပါတယ် Hyung... နောက်ပြီး..."
Han ဆက်မပြောဘဲ ခေါင်းလေးငုံ့သွားပြီးမှ
"ကျွန်တော် Hyung ကို ခုထိ အစ်ကိုတစ်ယောက်လိုထက် မပိုခဲ့ဘူးဆိုတာ ၀န်ခံပါတယ်... ဒါပေမယ့် ကျွန်တော် Hyung ကို ချစ်နိုင်ဖို့ ကြိုးစားပါမယ်... ကျွန်တော့်နှလုံးသားထဲမှာ Hyung ကို နေရာအပြည့်ပေးနိုင်ဖို့ ကြိုးစားပါမယ်..."
ရင်ထဲက ၀မ်းသာမှုကြောင့် မျက်ရည်တွေလည်လာမိတာ ယောက်ျားမပီသဘူးလို့ ပြောမလား...။ ဟုတ်ကဲ့ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အရမ်းဝမ်းသာလွန်း ၀မ်းနည်းလွန်းချိန်ဆို ငိုတတ်ကြစမြဲပါ...။
ခုလည်း Kris ထိန်းထားတဲ့ကြားက မျက်ရည်တွေကျလာသည်။ အခုမဟုတ်ဘူးဆိုရင်တောင် သူ့အချစ်တွေကို ကလေးနားလည်ပေးနေတာကိုပဲ ကျေးဇူးတင်မိသည်။ သူ့အချစ်က ထိုမျှရိုးရှင်းကာ ဖြူစင်သည်။
YOU ARE READING
အမုန်းမျက်နှာဖုံး {Zawgyi&Unicode}
FanfictionZawgyi; ချစ်ခဲ့ပေမယ့် မချစ်ဘူးဆိုပြီး မမုန်းရက်ပေမယ့် မုန်းတယ်ဆိုပြီး အဝေးမှာ မနေနိုင်ပေမယ့် ထွက်သွားချင်တယ်ဆိုပြီး သူ့ကို ကျောခိုင်းခဲ့တဲ့နောက်... သူ့ရင်ဘတ်အက်နေတာကို အရသာခံရယ်မောရင်း ကျွန်တော့်နှလုံးသားထက်ခြမ်းကွဲခဲ့တယ်... ဟုတ်ပါတယ်... တကယ်တော့လ...