Zawgyi;
Hun တစ်ယောက် လုပ်ချင်တာလုပ်ရ၍ ပျော်ကာ အခန်းထဲမှာ အသံတိတ် လက်သီးတွေ လေထဲ ပစ်သွင်းနေလေသည်။
ကျွန်တော်က ကလေးဆန်တာလား… ဆိုးနေတာပဲလား… ကျန်တာမသိဘူး… အခု Han နားမှာ မြင်နေရတဲ့ ဟိုလူကို China ကို ပို့ပစ်နိုင်ပြီမို့ ပျော်နေသည်။ တကယ်ဆို ကျွန်တော် ဒီလောက် သဘောကောင်းပေးထားတာတောင် ကျေးဇူးတင်ရမှာ… China ဆိုတာ ဟိုလူ့ရဲ့ မွေးရပ်မြေပဲလေ… ဒါကျွန်တော် ဒုက္ခပေးတာလို့ မဆိုသာပါဘူး… ဟုတ်တယ်မလား…
**(အင်း… ဟုတ်မှာပါ… ခများလေး ဘာမှ မလုပ်ဘူးနော်… သိပ်မပြောချင်ဘူးသိလား… ကိုယ့်ဘာသာ ရေးပြီး ကိုယ့်ဘာသာပဲ… အမြင်ကပ်စရာလေး… ဒါပေမယ့် သူဆိုးနေတာလေးကိုက အရမ်းချစ်ဖို့ ကောင်းနေမှာတော့ သေချာတယ်…)
အမှန်တိုင်း ၀န်ခံကြေးဆို Han နားမှာ တစ်ခြားလူတစ်ယောက်ကို မြင်ရတာ တကယ် မကျေနပ်လို့သာ… Han က ငယ်ငယ်တည်းက ကျွန်တော်နဲ့ပဲ ကစားသည်။ ကျွန်တော်နဲ့ပဲ ခင်ကာ ကျွန်တော့်နားမှာပဲ သူ့ရဲ့ အချိန်တိုင်းကို ကျွန်တော့်အတွက်သာ ကုန်ဆုံးတတ်သည်။ ကျွန်တော် ဘယ်လောက် နှင်နှင် ထွက်မသွားပဲ ကျွန်တော့်နားမှာပဲ နေတတ်ကာ ကျွန်တော်တစ်ယောက်တည်းတွက် ပြုံးပြတတ်သူပါလေ….။ ကြည်လင်နေတဲ့ မျက်ဝန်းတို့နဲ့ ကျွန်တော့်ကိုသာ ရွှန်းရွှန်းစားစား အမြဲ ကြည့်နေတတ်သူ…။
**(ဒါတွေသိနေရက်နဲ့များ ဘာလို့ Han အချစ်ကို မမြင်တာလဲ ခင်ဗျားရယ်…)
ဒါပေမယ့် အဲ့ဒီလူ… အဲ့လူရောက်လာမှသာ Han က ကျွန်တော့်ကို ပစ်ပယ်လာတာလို့ပဲ မြင်သည်။ ကျွန်တော် တစ်ယောက်တည်းသာ ပိုင်ဆိုင်ဖူးတဲ့ Han အရယ်အပြုံးလေးတွေကို ထိုလူလုယူသည်။ ကျွန်တော် တစ်ယောက်တည်းသာ ပိုင်ဆိုင်ဖူးတဲ့ Han ဆိုတဲ့ လူသားအရုပ်လေးတစ်ရုပ်ကို ထိုသူက ကျွန်တော့် ဘ၀ထဲက ထွက်ပြေးသွားအောင် လုပ်ခဲ့သည်။ ထို့ကြောင့် Hun ဒီလို လုပ်ရပ်မျိုးလုပ်လိုက်သည်။ ဒီ့အတွက် ဘယ်တော့မှလည်း နောင်တရမည်မဟုတ်…။
**(ဟူးးး အထင်တွေ အရမ်းလွဲနေပြီ… အရာရာ ပြန်ဖြေရှင်းလို့ ဖြစ်နိုင်ပါတော့မလား… ဒါက သူကိုယ်တိုင် ဖန်တီးယူခဲ့တဲ့ ကံကြမ္မာတစ်ခုဆိုတာ Hun တစ်ယောက် မြင်နိုင်ပါ့မလား…)
YOU ARE READING
အမုန်းမျက်နှာဖုံး {Zawgyi&Unicode}
FanfictionZawgyi; ချစ်ခဲ့ပေမယ့် မချစ်ဘူးဆိုပြီး မမုန်းရက်ပေမယ့် မုန်းတယ်ဆိုပြီး အဝေးမှာ မနေနိုင်ပေမယ့် ထွက်သွားချင်တယ်ဆိုပြီး သူ့ကို ကျောခိုင်းခဲ့တဲ့နောက်... သူ့ရင်ဘတ်အက်နေတာကို အရသာခံရယ်မောရင်း ကျွန်တော့်နှလုံးသားထက်ခြမ်းကွဲခဲ့တယ်... ဟုတ်ပါတယ်... တကယ်တော့လ...
