Zawgyi;
Han... အနက်ရောင် Suit ကို သေသပ်စွာ ၀တ်ဆင်ထားကာ အရင်က မနူးမနပ်ကျောင်းသားလေး Xiao Luhan နဲ့ လားလားမှ မသတ်ဆိုင်ဘဲ ရင်ကျက်တည်ငြိမ်သော စီးပွားရေးသမား Xiao Luhan အဖြစ် Oh Sehun ဆိုတဲ့ လူသားရှေ့မှာ ၀ံ့ဝံ့ကြွားကြွား မတ်တပ်ရပ်ပြနိုင်နေပြီမို့ ကိုယ့်ကိုယ်ကို ပြုံးမိသေးသည်။
ပါတီထဲကို ရောက်ရောက်ချင်း သူပထမဆုံးပဲ Hun ကို မျက်စိကစားကာ ရှာလိုက်မိသည်။
ခုချိန် ငါ့ကို အနိုင်မယူနိုင်တဲ့ မင်းရဲ့ ပုံကို ငါမြင်ချင်သေးတယ် Hun...။
သူလှမ်းကြည့်လိုက်တော့ ဧည့်သည် လူကြီးတစ်ဦးကို အေးအေးချမ်းချမ်းပြုံးလျက် နှုတ်ဆတ်နေတဲ့ Hun ကို တွေ့လိုက်ရသည်။
ဒီလိုကျ ဖော်ရွေစွာ ပြုံးနေတဲ့ Hun ရဲ့ အပြုံးလေးတွေက ကလေးလေးတစ်ယောက်လို ဖြူစင်နေသလိုပါပဲ...။
မဆီမဆိုင် တွေးမိတာက Hun သာ သူ့အပေါ်ကောင်းခဲ့မယ်ဆို ခုလိုချိန် သူတို့ ဒီလို တွေ့ဆုံမှုမျိုးမဟုတ်ဘဲ သူငယ်ချင်းကောင်းတွေ ဖြစ်နေနိုင်လိမ့်မယ် ဟူ၍...။
ဒါပေမယ့်... အဲ့လို မဖြစ်ခဲ့ဘူးပဲလေ...။
သူပါတီထဲကို ခြေလှမ်းအနည်းငယ်ချလိုက်ပြီးတဲ့နောက် Hun က သူ့ကို မြင်သွားကာ ပြုံးပြလာသည်။
မထင်မှတ်ထားသည်မို့ Han အံ့သြစွာ ငေးကြည့်နေမိသည်။ Hun သူ့ကို ဒီလိုမျိုး နွေးထွေးစွာ တစ်ခါမှ ပြုံးမပြခဲ့ဖူးပါလေ...။
အဲ့အပြုံးထဲမှာ ဘာအရောင်မှ ဆိုးထားတာ မတွေ့ရတာမို့ Han လည်း အသာပြုံးပြလိုက်ပါသည်။
ဒီလိုပဲ စီးပွားရေးသမားဆိုတာ ဟန်ဆောင်တော့ ကောင်းရမည်မလား...။ ဟက်ခ်... ဒီလောက် နှစ်တွေ ကြာသွားတဲ့ အချိန်အတွင်း Hun လည်း ဟန်ဆောင်မျက်နှာဖုံးအောက်မှာ ရန်သူကိုလည်း ပြုံးပြတတ်လာပြီကိုး...။
ဒါဆို သူကကော ဘာမဖြစ်နိုင်စရာ ရှိပါ့မလဲ... အေးဆေးပဲ ပြန်ပြုံးပြပေးလိုက်သည်။
သူ့ကို အသာအယာ ပြန်ပြုံးပြလာတဲ့ Han ဆီကို Hun တစ်လှမ်းချင်းစီပဲ လျှောက်သွားလိုက်သည်။
YOU ARE READING
အမုန်းမျက်နှာဖုံး {Zawgyi&Unicode}
FanfictionZawgyi; ချစ်ခဲ့ပေမယ့် မချစ်ဘူးဆိုပြီး မမုန်းရက်ပေမယ့် မုန်းတယ်ဆိုပြီး အဝေးမှာ မနေနိုင်ပေမယ့် ထွက်သွားချင်တယ်ဆိုပြီး သူ့ကို ကျောခိုင်းခဲ့တဲ့နောက်... သူ့ရင်ဘတ်အက်နေတာကို အရသာခံရယ်မောရင်း ကျွန်တော့်နှလုံးသားထက်ခြမ်းကွဲခဲ့တယ်... ဟုတ်ပါတယ်... တကယ်တော့လ...
