Episode (9)

162 18 6
                                    

Zawgyi;

“Hyung…”

နောက်က ထွက်လာတဲ့ အသံစူးစူးလေးကြောင့် Chen လှည့်ကြည့်မိတော့ Xiu လေး…။

ကလေးလေးကို ကြည့်ရတာ တစ်ခုခု မူမမှန်တာကြောင့် Chen သေချာကြည့်မိတော့ ထိုကလေး တော်တော်မောနေပုံရကာ ပါးစပ်လေး ဟစိဟစိဖြင့် အူယားစရာကောင်းလာသည်။ ဘာလို့များ ပြေးလာတာပါလိမ့်…။ ကလေးလေးရဲ့ မျက်နှာမှာ တစ်ခုခုကို ထိတ်လန့်နေတဲ့ အရိပ်အယောင်လေးတွေ ဖမ်းဆုပ်မိတော့ Chen စိတ်ပူသွားကာ ပတ်ဝန်းကျင်ကို တစ်ချက် မျက်စိကစားလိုက်သည်။ ဟော… တွေ့ပါပြီ…။ ကလေးတို့ကျောင်းက ကျောင်းဝတ်စုံတွေနဲ့ ကျောင်းသားတစ်စု… ပုံစံတွေက မိုက်တိမိုက်ကန်းတွေနဲ့…။

ကြည့်ရတာ ဒီကောင်တွေ ကလေးလေးကို လိုက်နှောက်ယှက်ကြပုံပေါ်သည်။

“ငယ်လေး… အဆင်ပြေရဲ့လား… အရမ်းပြေးလာတော့ မောမှာပေါ့… Hyung နဲ့ မုန့်သွားစားကြမယ်… လာ…”

ကလေးငယ်ရဲ့ လက်လေးကို အသာဆွဲကိုင်ရင်း နွေးထွေးစွာ သူပြောတော့ ထိုသကောင့်သားတွေ အီလည်လည်နဲ့ နောက်ဆုတ်သွားကြသည်။ သူ့ကိုတော့ မိုက်ကြည့်ကြည့်သွားသေးပါရဲ့…။

ဒါပေမယ့်လည်း အဓိက က ကလေး အန္တရာယ်ကင်းစေဖို့ တစ်ခုသာ…။ နောက်မှ သူတစ်ယောက်တည်းဆို ထို ပေါက်စတွေလောက်နဲ့က သူသေ ကိုယ်သေတော့ ပြိုင် Fight နိုင်ပါသည်။ သူက သိပ်ပြီး အတိုက်အခိုက်တွေ ကျွမ်းနေတာ မဟုတ်ပေမယ့်လို့ပေါ့…။

လက်လေးကို အသာဆွဲကိုင်မိတဲ့ တစ်ခဏ ရင်ဘတ်ထဲက ရင်ခုန်သံက ဦးနှောက်ရဲ့ အသိပေးချက်တွေကို လွန်ဆန်စွာ ခုန်ပေါက်လာသည်။

မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေတဲ့ ကလေးငယ်ရဲ့ မျက်ဝန်းထဲမှာ သူ့အပေါ်အားကိုးယုံကြည်ခြင်းတွေ ဖမ်းဆုပ်မိတော့ ထိုလက်လေးကို အမြဲ ဆွဲကိုင်ထားချင်မိသည်။ ဒါပေမယ့်… ထာဝရအတွက်တော့ ကိုယ်တို့ မဖြစ်နိုင်ဘူးထင်တယ် ကလေးငယ်ငယ်…

မင်းကို အမြဲ ကာကွယ်ပေးချင်တာ… မင်းပျော်ရွှင်နေတာလေး ငေးကြည့်ခွင့်လေး ရချင်တာ… မင်းရဲ့ ဘ၀လေး ပိုပြီး မြင့်မားလာတာကိုပဲ မြင်ချင်တာ…။ ဟိုးအဝေးကြီးက ကြယ်လေးတွေလိုပေါ့… မင်းတောက်ပနေတာကို ကိုယ်ငေးကြည့်ချင်တာပါ…။

အမုန်းမျက်နှာဖုံး {Zawgyi&Unicode}Where stories live. Discover now