Zawgyi;
“Ya… အကိတ်ကောင်… မပြီးနိုင်သေးဘူးလား… ကျောင်းနောက်ကျတော့မယ်ဟ…”
အခန်းထဲက ထွက်မလာသေးတဲ့ Hun ကို Yeol လှမ်းအော်လိုက်ခြင်း…။
လက်သီးဆုပ်သေးသေးလေးနဲ့ ရွယ်ပြတဲ့ Baek နဖူးကို တွန်းထားရင်း Yeol လျှာထုတ်ကာ ပြောင်ပြလိုက်သည်။ ဟိုက သူ့ကို လက်သီးသေးသေးလေးတွေနဲ့ ထုရိုက်နေလေသည်။ Yeol မျက်နှာကြီးက စပ်ဖြီးလို့…။
“Ya… လောရှည်ကောင်… လူရှည်သလောက် စိတ်ရှည်စမ်းပါကွာ… အေးဆေးပေါ့…”
အခန်းထဲက အ၀တ်လဲရင်း ပြန်အော်တဲ့ Hun…။ Yeol မျက်နှာက ချက်ချင်း သုန်မှုန်သွားကာ
“Ya… Se ကိတ်ကောင်… နားညည်းအောင်မလုပ်ပဲ အရင် အပြင်ထွက်ခဲ့…”
အထဲက Hun အပြင်ကို မမြင်ရတာ သိရက်နဲ့ မျက်လုံးစွေကြည့်လိုက်ကာ
“Yeol ရှည်ကောင်… လောမနေနဲ့… ငါအ၀တ်လဲလို့မပြီးသေးဘူး…”
“Se ကိတ်ကောင်... ကျောင်းမှာ ငါ့ရဲ့ Soo လေးမျှော်နေပြီကွ… ကိုယ်ချင်းစာစိတ်မရှိတဲ့ကောင်… မြန်မြန်ထွက်ခဲ့ကွာ…”
“Yeol ရှည်ကောင်… မလောနဲ့လို့ ပြောနေတယ်…”
“Se ကိတ်ကောင်…”
“Yeol ရှည်ကောင်…”
“Ya… နှစ်ယောက်လုံးတော်တော့…”
အခန်းထဲနဲ့ အခန်းပြင်ကို ရအောင် ရန်ဖြစ်နေတဲ့ နှစ်ကောင်ကြောင့် Baek ပိတ်အော်ချလိုက်သည်။ အဲ့ကျမှ ငြိမ်သွားကာ အထဲက Se တော့မသိ…။ Yeol ကို သူ့ကို မျက်လုံးပြူးကာ ကြည့်လာသည်။ Yeol ကြည့်လာတာကို Baek ဂရုမစိုက်နိုင်… မျက်စောင်းတစ်ချက်ပြန်လွှတ်လိုက်ပြီး
“ဒီလိုနဲ့ မင်းတို့ ဒီလိုရန်ဖြစ်နေရင် ဒီနေ့ကျောင်းကို ရောက်ပါ့မလား… Yeol လည်း တော်တော့… Hun လည်း မြန်မြန်လုပ်…”
Yeol ငြိမ်သွားကာ ဆက်မပြောတော့ပေမယ့်…
“အင်းပါ… Baek ပြောလို့နော်…”
Hun ရဲ့ ကြက်ဆူဆီသံကြောင့် Yeol နှုတ်ခမ်းက အော်တိုမတ်တစ်မဲ့သွားကာ…
“အသံကိုက…”
မကြားတာကြား မဲ့ရွဲ့ကာ ပြောတဲ့ Yeol ကို Baek က ဘာဖြစ်လဲဆိုတဲ့ မျက်နှာပေးနဲ့ တစ်ချက်ကြည့်ပြီးမှ ပြုံးလိုက်ကာ
YOU ARE READING
အမုန်းမျက်နှာဖုံး {Zawgyi&Unicode}
Fiksi PenggemarZawgyi; ချစ်ခဲ့ပေမယ့် မချစ်ဘူးဆိုပြီး မမုန်းရက်ပေမယ့် မုန်းတယ်ဆိုပြီး အဝေးမှာ မနေနိုင်ပေမယ့် ထွက်သွားချင်တယ်ဆိုပြီး သူ့ကို ကျောခိုင်းခဲ့တဲ့နောက်... သူ့ရင်ဘတ်အက်နေတာကို အရသာခံရယ်မောရင်း ကျွန်တော့်နှလုံးသားထက်ခြမ်းကွဲခဲ့တယ်... ဟုတ်ပါတယ်... တကယ်တော့လ...
