Episode (3)

228 19 2
                                        

Zawgyi;

Hun အခန်းထဲကို လှမ်းဝင်ဖို့လုပ်လိုက်တဲ့ ခြေလှမ်းတွေက Xiao ကတော်ဆီက နောက်ထပ်ထွက်လာတဲ့ စကားတွေကြောင့် ရပ်တန့်သွားရသည်။

“သား Han လေး… သားနောက်ထပ် စိတ်မဆင်းရဲရတော့ပါဘူး… သားရဲ့ ဒဏ်ရာက ဘယ်သူ့ကြောင့်ဆိုတာလည်း အမေရိပ်မိပါတယ်… သားအပေါ် ကိုယ်ထိလက်ရောက် ဒဏ်ရာရစေတဲ့ ထိတော့ အမေကြည့်မနေနိုင်တော့ဘူး… အမေ မကြာခင် အလုပ်ထွက်နိုင်တော့မှာပါ… အပြင်မှာလည်း အလုပ်စုံစမ်းနေ တယ်…”

Han မေမေ့ကို မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေမိသည်။ မေမေသိနေခဲ့တာလား??? ဟုတ်ပါတယ် အမေဆိုတာ သားသမီးအကြောင်းကို အသိနိုင်ဆုံးသူတွေပါပဲ…။ သူ မကြာခင် Hun နဲ့ ဝေးရာကို ထွက်သွားနိုင်တော့မှာ…။ ရင်ထဲမှာ လွတ်မြောက်ရခြင်းအတွက် ၀မ်းသာမှုမျိုး မရှိဘဲ သူနဲ့ ခွဲခွာရမှာကို ဘာလို့ ထပ်ပြီး ၀မ်းနည်းနေရသေးတာလဲ???

Han မေမေ့ကို ပြုံးပြလိုက်ပြီး တစ်ခုခုပြောမည်ပြုစဉ် အခန်းထဲကို တံခါးပင်မခေါက်ဘဲ မျက်နှာသေဖြင့်ဝင်လာတဲ့ Hun ကြောင့် စကားတို့က လည်ချောင်းဝမှာတင် တစ်ဆို့ပျောက်ကွယ်သွားရသည်။ Hun များကြားသွားပြီလား…။ သြော်… ကြားသွားလည်း ဘာဖြစ်လဲ…။ ငါ့လိုသူ့အတွက် ဘာမှ မဟုတ်တဲ့ လူတစ်ယောက် သူ့နားက ထွက်သွားမယ့်ကိစ္စကို သူ့က စိတ်ထဲတောင် ရှိမှာမဟုတ်ပါဘူး…။ ငါဘာကို စိုးရိမ်နေမိတာလဲ…။

အထဲဝင်လာတဲ့ Oh စံအိမ်တော်ရဲ့ သခင်လေး Hun ကို Xiao ကတော် စိတ်ထဲက သိပ်မပါလှသော်လည်း အသာ ပြုံးပြလိုက်ပြီး

“Han လေးကို စာရေးဖို့လာပေးတာထင်တယ်… သခင်လေး…”

“Hun လို့ပဲ ခေါ်ဖို့ ကျွန်တော်ပြောထားတယ် ထင်တယ် ဒေါ်ဒေါ်…”

Hun ပကာသနတွေကို မုန်းသည်။ သူ့ထက်အသက်အရွယ်ကြီးသူတစ်ယောက်က သခင်လေးလို့ ခေါ်တာကို သူလုံးဝမကြိုက်ပေ…။ သူက အနိုင်ယူချင်စိတ်များသူ ပေမယ့် အဲ့ဒါက Han တစ်ယောက်အပေါ်ကိုသာ…။ ကျန်တဲ့သူတွေရဲ့ မိသားစုအရှိန်အ၀ါအရ ကျိုးနွံမှုမျိုးကို သူအလိုမရှိပေ…။ သူ့ခံယူချက်က သူ့အရည်အချင်း ကြောင့်မဟုတ်ဘဲ မိသားစုရဲ့ အရှိန်အ၀ါနဲ့ လေးလေးစားစားဆက်ဆံခံရတာမျိုးကို မလိုချင်…။

အမုန်းမျက်နှာဖုံး {Zawgyi&Unicode}Where stories live. Discover now