Episode (7)

183 25 6
                                    

Zawgyi;

Soo ရဲ့ မျက်ဝန်းထဲမှာ ကျန်ရစ်နေသေးတဲ့ အရိပ်အယောင်တစ်ချို့က ထို Kim Jong In ဆိုသော လူသားအပေါ် မုန်းတီးခြင်းမပါ… အလွန်ချစ်ခဲ့ဖူးသူတစ်ယောက်ရဲ့ နာကျင်မှုတွေသာ မြင်နေရသည်။

ဒါပေမယ့်လည်း Yeol ပြုံးပြကာ Soo ရဲ့ မျက်နှာလေးကို သူ့ဘက်ကို မေးစေ့လေးက ဆွဲကိုင်ပြီး လှည့်စေသည်။

“၀မ်းနည်းနေသေးတာလား… သူ့အတွက်… ထပ်ပြီး ၀မ်းမနည်းကြရအောင်လေ… ကိုယ်တို့ နှစ်ယောက်ပဲ… ကိုယ်တို့ နှစ်ယောက်တည်း ရှေ့လျှောက်ကို ပျော်စရာတွေ ဖန်တီးပြီး ပျော်စရာတွေပဲ တွေးကြရအောင်လေ… နော်…”

Soo ပြုံးရင်း ခေါင်းညိတ်ပြကာ

“မင်းနားလည်မှုရှိလွန်းတယ်နော် Yeol… ငါ့ကို စိတ်ဆိုးပြသင့်တာ… ရည်းစားဟောင်းနဲ့ ပြန်တွေ့ပြီး စကားရပ်ပြောနေတာကို… သ၀န်မတိုဘူးလား ငါ့ရည်းစားလေး…”

Soo ပြုံးစိစိရုပ်လေးနဲ့ ခေါင်းလေးမော့ကြည့်လာကာ မေးတော့ Yeol ခေါင်းကုတ်ပြီး ရယ်နေကာ

“အာ… သ၀န်က တိုရမှာလား… မသိဘူးလေ…”

“ဟားဟား… Yeol… မင်းကတော့ကွာ… သ၀န်က တိုရမှာလားဆိုပဲ… အေးပါ… ဒါနဲ့… မင်း ငါနဲ့ တစ်သက်လုံးတွဲမယ်လို့များ စဉ်းစားထားတာလား… မင်းရဲ့ ချစ်… အဲ့ သူငယ်ချင်းလေးကကော… မင်းတကယ် ချစ်တာက ငါ့ကို မဟုတ်ဘဲနဲ့…”

Yeol မျက်ဝန်းထဲမှာ အရိပ်အငွေ့တစ်ချို့က ကြေကွဲစွာ ဖြတ်ပြေးသွားသည်။

“မဖြစ်နိုင်တော့ဘူးလေ Soo ရာ… သူက ကိုယ့်အတွက်မှ မဟုတ်ခဲ့တာ… ကိုယ်ချစ်နေတာ တစ်သက်လုံး သူမသိသွားတာပဲ ပိုအဆင်ပြေမှာပါ… အခု ကိုယ်က ဒီက ကိုယ့်ရည်းစားလေးကိုပဲ ချစ်ဖို့ ကြိုးစားတော့မှာ… တစ်နေ့နေ့… တစ်နေ့နေ့ကျရင်တော့ ကိုယ်တို့ နှစ်ယောက် နေလာရင်း တစ်ယောက်ကို တစ်ယောက် ချစ်လာနိုင်မှာပါ… ကိုယ်ယုံတယ်…”

Soo နားလည်စွာ ခေါင်းညိတ်ရင်း ပြုံးသည်။ ပြီးတော့ Yeol ရဲ့ လက်ကို လက်ဖ၀ါးချင်းထပ်ကာ ဆုပ်ကိုင်လိုက်ပြီး

“အင်းနော်… တစ်နေ့နေ့ပေါ့… ငါလည်း မင်းကိုချစ်နိုင်မှာပါ… မင်းရော ငါရော တစ်ယောက်ရင်ဘတ်ထဲမှာ တစ်ယောက် နေရာအပြည့်ပေးနိုင်ဖို့ ကြိုးစားနိုင်မှာပါ…”

အမုန်းမျက်နှာဖုံး {Zawgyi&Unicode}Where stories live. Discover now