Zawgyi;
"ငါ့ဘ၀တစ်ခုလုံးကို မင်းအပိုင်ရလိုက်ပြီဆိုပြီး သိပ်ပျော်နေလား Oh Sehun... မင်းနောင်တရစေရမယ်... မင်းမတရားတည်ဆောက်ထားတဲ့ ဒီအိမ်ထောင်ရေး.... ငါမပျက်ပျက်အောင် ဖြိုခွဲပြမယ်... မင်းစောင့်ကြည့်နေလိုက် Hun..."
"ဟက်ခ်... ရယ်ရတာပဲ Xiao Luhan... ငါမင်းကို ဘယ်တော့မှ ကွာရှင်းပေးမှာမဟုတ်ဘူး... အစောကြီးတည်းက ငါမင်းကို ချစ်လို့ လက်ထပ်ခဲ့တာ မဟုတ်လို့ မင်းဘာသာမင်း သေလောက်အောင် ပေါက်ကွဲပြနေလည်း ငါဂရုမစိုက်ဘူး... မင်းလည်း စောင့်ကြည့်နေလိုက်ပေါ့ Han... ငါမင်းစိတ်ဆင်းရဲအောင် ဘယ်လို လုပ်ပြမလဲဆိုတာ... ဟားဟား..."
Hun ရဲ့ ရယ်မောသံကို ခါးသီးစွာ Han နားတွေပိတ်ပစ်ရင်း
"မကြားချင်ဘူး မုန်းတယ်... ငါမင်းကို သိပ်မုန်းတယ် Hun..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Han... Hanna... ဘာဖြစ်တာလဲ..."ပုခုံးကို လာလှုပ်နှိုးတဲ့ Hun ရဲ့ လက်တွေကြောင့် Han မျက်လုံးလေးတွေ ပွင့်လာပြီး အိပ်မက်တစ်ခုဆိုတာ သတိရမိသည်။ ဟင့်အင်း... ဒါပေမယ့် ဒါအိပ်မက်မဟုတ်ခဲ့ဘူး...။ အိပ်မက်ဆိုရင်တောင် အိပ်မက်တစ်ခုပဲဖြစ်ပြီး တစ်ချိန်ချိန်နိုးထလာဖို့ အကြိမ်ကြိမ်ဆုတောင်းလည်း နိုးထခွင့်မရနိုင်တဲ့ သူဘ၀ရဲ့ အဆိုးရွားဆုံး အိပ်မက်တစ်ခုသာ...။
"အိပ်မက်ဆိုးမက်လို့လား Han..."
သူ့ပုခုံးလေးကို ဆုပ်ကိုင်ရင်း မေးလာတဲ့ Hun ရဲ့ လက်တွေကို Han ဖယ်ချပစ်လိုက်ကာ
"ငါ့အသားကို မထိနဲ့ Hun... ငါမင်းကို ရွံတယ်..."
Hun ပထမတော့ ကြောင်နနနဲ့ Han ကို ငေးကြည့်မိပြီးမှ ခေါင်းကို မော့ရင်း ရယ်မောကာ
"ရွံတယ်??? ဟုတ်လား??? Han... ငါက မင်းလက်မခံချင်လည်း မင်းရဲ့ ယောက်ျားပဲ... မင်းကို တရားဝင်ပိုင်ဆိုင်ခွင့်ရထားတဲ့ မင်းရဲ့ ယောက်ျားပဲ... နားလည်လား..."
"ဘာလုပ်တာလဲ Hun... ငါ့ကိုလွှတ်..."
Hun သူ့ကိုယ်လုံးလေးကို အတင်းသိမ်းဖက်လာတာမို့ Han လူးလွန့်ရုန်းကန်နေလေသည်။
"ငြိမ်ငြိမ်နေစမ်း Han... ငါ့စိတ်တွေ ပိုကြမ်းလာအောင် မလုပ်ချင်နဲ့..."

YOU ARE READING
အမုန်းမျက်နှာဖုံး {Zawgyi&Unicode}
FanfictionZawgyi; ချစ်ခဲ့ပေမယ့် မချစ်ဘူးဆိုပြီး မမုန်းရက်ပေမယ့် မုန်းတယ်ဆိုပြီး အဝေးမှာ မနေနိုင်ပေမယ့် ထွက်သွားချင်တယ်ဆိုပြီး သူ့ကို ကျောခိုင်းခဲ့တဲ့နောက်... သူ့ရင်ဘတ်အက်နေတာကို အရသာခံရယ်မောရင်း ကျွန်တော့်နှလုံးသားထက်ခြမ်းကွဲခဲ့တယ်... ဟုတ်ပါတယ်... တကယ်တော့လ...