Two -Unicode

1.9K 28 0
                                    

အဝါရောင်လိပ်ပြာတစ်ကောင်ရဲ့သောကြာနေ့မနက်ခင်း ပုံပြင်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မိုးသည်းတဲ့သောကြာနေ့မနက်ခင်းတစ်ခု ဆိတ်ငြိမ်ရပ်ကွက်အစွန်အဖျားနားက ကော်ဖီဆိုင်လေးရဲ့ မှန်နံရံမှာ အဝါရောင်လိပ်ပြာလေးတစ်ကောင် နားနေခဲ့တယ်

သူဘယ်လောက်ချမ်းနေရှာမလဲကွယ်

................................................
မတော်တဆဝင်တိုက်မှုတစ်ခု သူနဲ့သူမ အကြားဖြစ်ပေါ်လာခဲ့သည် ......... အချိန်က သောကြာနေ့မနက်ခင်းစောစော
နေရာက ဆိတ်ငြိမ်ရပ်ကွက် အစွန်အဖျား က ကော်ဖီဆိုင်လေးရဲ့ရှေ့

အစကတည်း ယိမ်းထိုးစွာလျှောက်လာတဲ့သူမ ပုံရက်သားလဲကျသွားတဲ့အခါ သူက သူမကို လက်တစ်ဖက်လှမ်းပေးခဲ့တယ် ......
မသေမသပ်မိတ်ကပ်များ ရှုပ်ပွနေတဲ့ဆံပင်နဲ့အတူ ဖိနပ်ကိုလက်က ကိုင်ထားတဲ့သူမပုံစံက စိတ်ပျက်ဖွယ်အတိ ......... ဒါပေမဲ့ သူကတော့ နွေးထွေးစွာပြုံးပြရင်း လက်တစ်ဖက်လှမ်းခဲ့ပါတယ်

သူ့နှုတ်ခမ်းတွေကွေးနေတာ သူမအမြဲမှတ်မိနေတော့မယ်
် ပြီးတော့ သူဝတ်ထားတဲ့အဝါရောင် ရှပ်အကီင်္ျလေး
အဲ့ဒီနေ့က စလို့ သူမအတွေးထဲမှာစွဲမြဲသွားတာတစ်ခုက သူကအဝါရောင်ကြိုက်တယ်ဆိုတဲ့အချက်ပဲ
ဘယ်သူမှအတည်မပြုပေးရပါပဲ သူမယုံကြည်မိတဲ့အချက်ပါ

....................................
မနက်ခင်းတိုင်းကို သူမစောစောထလေ့မရှိပါ စောစောထစရာလည်းမလို ......... ခြောက်ကပ်တိတ်ဆိတ်နေတဲ့ သူမနေထိုင်ရာနေရာ ...... မှာ သူမတစ်ယောက်တည်းသာရှိသည် ......... အဲ့ဒီနေရာဟာ ထုံအီနေတဲ့အမွှေးအနံ့နဲ့အတူ အရက်နံ့က ရောထွေးနေသေးသည် ......... သူမက အဲ့ဒီနေရာကိုမနှစ်သက်ပေမဲ့ အဲ့ဒီနေရာဟာ လတ်တလော သူမနေထိုင်ခွင့်ရှိသော တသ်ခုတည်းသောနေရာဖြစ်တယ်

သူမ အလုပ်မလုပ်ပါဘူး ......... တကယ်တမ်းတော့ အလုပ်မလုပ်တာထက် ဘာမှမလုပ်ပဲ အဲ့ဒီနေရာမှာ လာရောက်နေထိုင်ခြင်းကိုက သူမရဲ့အလုပ်လို့ပဲပြောရမည်ဖြစ်သည်

ဆိတ်ငြိမ်ရပ်ကွက် ဘေးစွန်နားက ၂ထပ်တိုက်ကို ၄ ခန်းခွဲထားတဲ့တိုက်ခန်းတွေ ထဲက ညာဘက်အပေါ်ကအခန်းတစ်ခုပါပဲ ...
အဲ့ဒါ သူမရဲ့အလုပ်နေရာ ဒါမှမဟုတ် အများ ထင်သလိုပြောရရင်အိမ်ပေါ့ .........

9Where stories live. Discover now