*
ဒီ Essay ဟာ Aki ပထမဆုံးရေးဖြစ်တာပါ
အဲ့ဒီကတဆင့် Short stories တွေ ဖန်တီးရတာဟသဘောကျမိလာတယ် ... Short stories လေးတွေ စိတ်ဝင်တစားဖတ်ပေးတဲ့ သူငယ်ချင်းတွေကို Aki အရမ်းကျေးဇူးတင်ပါတယ် Aki က စာရေးတာ မူမမှန်ပါဘူး တလ တပုဒ် တောင်ရေးမရသူပါ ပြီးခဲ့တဲ့ 2017 တနှစ်လုံးမှာ အပြီးသတ်ရေးခဲ့တဲ့ Short stories ဟာ နှစ်ပုဒ် ပဲရှိပါတယ်။ ကဗျာတွေ တော့ မမှတ်မိနိုင်လောက်အောင်ရေးဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ စာအပေါ် သေသေချာချာ ဖတ်ပေးဝေဖန်ပေးတဲ့ သူငယ်ချင်းတွေကြောင့် ပိုလည်း အားရှိရပါတယ်။ နောင်ကိုလည်း အမြဲကြိုးစားရေးပါ့မယ်လို့..............................................................................
* အဲ့ဒီနေ့က ကျွန်မ Espresso သောက်ခဲ့တယ် ***
____________________________________ကျွန်မက ကော်ဖီကိုနှစ်သက်တယ်
ဘာလို့ ကော်ဖီနှစ်သက်တာကိုအကြောင်းလုပ်ပြောနေသလဲ ဆို အခုဇာတ်ကြောင်းက ကော်ဖီနှင့်ပတ်သတ်နေတာကိုး......
ကော်ဖီကို ငယ်ငယ်လေးကတည်းက ကျွန်မနှစ်သက်တယ် ကျွန်မ အသက် ၅ နှစ် ဒါမှမဟုတ်အဲ့ဒီထက် ငယ်တဲ့အရွယ်လည်းဖြစ်နိုင်တယ် ... အဲ့ဒီကတည်းက ကော်ဖီကိုစသောက်မိတယ် ထင်တယ် ......
"သိပ်မငယ်လွန်းဘူးလား ကလေးတစ်ယောက်အသက်အရွယ်နှင့် ကော်ဖီသောက်တယ်ဆိုတာ"
တစ်ယောက်ယောက်က ဒီလိုမေးချင်မှာပဲ ...... ရှင်လည်း မေးချင်နေရင်လည်း မေးချင်နေမယ်...
အသင့်သောက် ...... ကော်ဖီထုပ်လေးတွေ ရှင်တို့တွေ့ကြမှာပေါ့ ဈေးသက်သာတယ်လေ ... အဲ့ဒါက ရှင်ကိုယ်တိုင်နှစ်နှစ်သက်သက်သောက်နေတဲ့ ကော်ဖီလည်းဖြစ်မယ် ......
ဆင်ခြေဖုန်း ရပ်ကွက်တစ်ခုက မနက်စာမှာ ကော်ဖီဆိုရင် ... အဲ့ဒီအထုပ်လေးကိုသာ ပြေးမြင်တော့ ဟုတ်တယ် ကျွန်မက အသင့်သောက် ကော်ဖီကို နှစ်သက်ခဲ့သူပဲ... ငယ်ငယ်တုန်းက ကျွန်မတို့မိသားစု မနက်စာ စားပွဲမှာ အဲ့ဒီ အသင့်သောက်ကော်ဖီက ပါနေကြ ...... နို့ဆီနဲ့ သကြားရောပြီး တစ်ထုပ်ကိုနှစ်ယောက် သုံးယောက်သောက်ခဲ့ဖူးတယ် ...... အဲ့ဒီအရသာ မမှတ်မိတော့ဘူး ...... ဒါပေမဲ့ ကျွန်မ ကော်ဖီနှစ်သက်တာက အဲ့ဒီကစတာ .........
ဆင်းရဲသားရပ်ကွက်မှာ Milo နဲ့ Overtine ကို ကလေးတစ်ယောက်ကိုနေ့စဉ် ဘယ်လိုတိုက်နိုင်မလဲ ...... အဲ့ဒါကြောင့် မနက်စာ ထမင်းဝိုင်းက အသင့်သောက်ကော်ဖီဟာ ကျွန်မရဲ့အထူးခံစားခွင့်ပဲ...
ကျွန်မသိပ်သဘောကျတယ်