Four-Unicode

503 19 0
                                    

*** .........ရှင်သန်ခြင်းပြစ်ဒဏ်...............***

မနက်ခင်းက ခြောက်ခြားဖွယ်အတိလို့ သူမ စတင်ခံစားမိတဲ့အခါ မှန်ပေါ်က သူမအရိပ်ကို ပင် သူမ ပြန်လန့်မိတယ် .........
ဒီလိုအခြေအနေမျိုးကို သူမ မလိုချင်ခဲ့ပါ ......... မလိုချင်တာထက် ဘယ်တော့မှ ရင်မဆိုင်ရဖို့ ဆုံးဖြတ်ထားခဲ့ပြီးသားပဲ .........
ဒါပေမဲ့ သူမ မှားယွင်းတဲ့ဆုံးဖြတ်ချက် တစ်ခု ကို ချမိလိုက်တယ်
အဲ့ဒီအတွက် အကျိုးဆက်အနေနဲ့က အခုအခြေအနေပဲ
မိုးလင်းမနက်ခင်း အစောကြီးမှာ သူမ ဇောချွေး ပြန်နေခဲ့တယ် .........

** ဒေါက် ...ဒေါက်**

တံခါးခေါက်သံကြောင့် သူမ ကမ္ဘာပျက်တော့မလိုခံစားရတယ်

အလျင်အမြန်ပဲ သူမ လက်ထဲက သူမကိုခြိမ်းခြောက်နေတဲ့ ပစ္စည်းကို အမှိုက်ပုံးထဲ ထည့်လိုက်တယ်

"ချယ် ...... ကြာလိုက်တာ ဘာလုပ်နေတာလဲ "

သူ့ အသံက သူမ ကို ပိုပြီး ထိန့်လန့်စေတယ် ...... ဒါပေမဲ့ သူမ က သူမ မျက်နှာကို အတတ်နိုင်ဆုံးပြင်ဆင်လိုက်တယ် ...... သူမ ခြောက်ခြားနေတဲ့ ကိစ္စက ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို ဟန်ဆောင်ကာ ရေချိုးခန်းတံခါးကိုဖွင့်လိုက်တယ် .........

"Morning ......... မောင် .........နည်းနည်းကြာသွားတယ် "

"မောင် ဝင်မလို့လား ........."

သူက သူမ မျက်နှာကို အသည်းအသန် လိုက်ပြီး အကဲခတ်နေခဲ့တယ် ......... သူမ မျက်နှာက ပုံမှန် ဖြစ်နေတယ် ထင်ရကာမှ သူက နူးညံ့စွာပြုံးလိုက်ကာ

"မဟုတ်ပါဘူး ချယ်ရဲ့ ...... မောင် နိုးတော့ ချယ်ပျောက်နေလို့ မောင်က ရှာနေတာ "

သူမ က သူ့မျက်ဝန်းတွေနဲ့ မဆုံမိအောင်ရှောင်ရင်း သက်ပြင်း ဖွဖွချမိတယ်

သူက သူမကို သိပ်ချစ်သူပါ ......... သူမ သိပါတယ်
အများ အမြင်မှာ လည်း သူမတို့ ၂ ယောက်က သိပ်လိုက်ဖက်တယ် ဆိုကြတယ် ......... ဒါပေမဲ့ သူမကြောက်မိတယ် .........
သူမ က သူ့ကိုသိုင်းဖက်လိုက်ရင်း မျက်လုံးတွေကိုခပ်ဖွဖွမှိတ်လိုက်တယ် မကြားလိုတဲ့ အသံတချို့နားထဲဝင်လာတယ် ......... သူမ ရင်ထဲမှာကြိတ်ကာ ဝမ်းနည်းမိတယ်

9Where stories live. Discover now