Seven-Unicode

439 8 0
                                    

****The Conversation*****
-------------------------------------------

"ဘယ်အရာတွေကိုမုန်းလဲ"

အနီရောင်မိန်းမက မေးလိုက်တဲ့မေးခွန်း။
ဒီနေရာမှာ အနီရောင်မိန်းမဆိုတာကိုရှင်းဖို့လိုမယ်ထင်တယ်။နီရဲနေတဲ့နှုတ်ခမ်းနီရယ် ကိုယ်ကျပ်အကျီင်္အနီရယ်ဟာ သူမကို အနီရောင်မိန်းမ လို့ခေါ်ဖို့လုံလောက်တယ်။သူမ နာမည်ကို သေချာမသိဘူး။ သိစရာလည်း လိုတော့မလိုဘူး။ ဒီတော့ အနီရောင်မိန်းမပေါ့။

အနီရောင်မိန်းမဟာ ဖြောင့်စင်းတဲ့ဆံပင်ကို ပုခုံး အကျော်မှာ တိနေအောင် ညှပ်ထားတယ်။ဆံပင်အရောင်က ပုံမှန်ပါပဲ။ ညဘက်အမှောင်မှာတောင် သူမ ဝတ်ထားတဲ့ အကျီင်္အနီဟာ ထင်ရှားနေတယ်။ပြီးတော့ ဒေါက်ဖိနပ်လှလှလေးတွေဆင်ထားတဲ့ သူမခြေထောက်ကို ချိတ်ကာထိုင်ရင်း ကန်ရေပြင်ကို ငေးကြည့်နေပုံက စွဲမက်စရာ အပြည့်ပါပဲ။

အနီရောင် မိန်းမက မေးခွန်းမေး ပြီးတဲ့အခါ စီးကရက်ကို ထုတ်ပြီး နီဆွေးနေတဲ့သူမနှုတ်ခမ်းဖျားနဲ့ဖိကိုက်လိုက်တယ်။

အနီရောင်မိန်းမရဲ့လှုပ်ရှားမှုတွေအကုန်လုံးကို အဖြူရောင်မိန်းမက လိုက်ကြည့်နေခဲ့တယ်။ အနီရောင်မိန်းမရဲ့သွင်ပြင်က အဖြူရောင်မိန်းမနဲ့ကွဲကွာစွာပဲ အနုပညာဆန်နေခဲ့တယ်။

အဖြူရောင်မိန်းမဟာ မေးခွန်းမေးခံရသူဖြစ်တယ်။ အဖြေကိုလည်း သေချာ သိပြီးသား လိုမျိုး သူမက သိပ်ပြီးတွေဝေနေပုံမရှိပါ။

"မနက်ခင်းတွေ"

အနီရောင်မိန်းမ က အဖြူရောင်မိန်းမကို ထိတ်လန့်စွာကြည့်လိုက်တယ်။ သိပ်ကိုအံ့အားသင့်နေတဲ့ပုံစံမျိုးနဲ့ သူမက အဖြူရောင်မိန်းမကိုစိုက်ကြည့်နေတယ်။ ပြီးတော့ ပြုံးတယ်။ နောက်တော့ ရယ်တယ်။

"တို့နှစ်ယောက် သိပ်တူလွန်းတယ်နော်"

အဖြူရောင် မိန်းမ က အနီရောင် မိန်းမကိုကြည့်ပြီး ခပ်မဲ့မဲ့ပြုံးလိုက်တယ်။

အဖြူရောင်မိန်းမလှောင်ပြုံးတာ သိပ်တော့မမှား တကယ်တမ်း ပြင်ပပုံစံကော အကြိုက်တွေကော မှာ သူတို့နှစ်ယောက်ဟာ သိပ်တူတယ်ဆိုတာမျိုး ပြောလောက်စရာ တကွက်တောင်မရှိ။ မျက်နှာတွေ ချွပ်စွပ်တူတာကလွဲလို့ပေါ့။

9Where stories live. Discover now