Unicode>>
ရှဲ့လျန်၊ ဖုန်းရှင့်နှင့် မုချင်တို့ သုံးယောက်သား နတ်ကွန်းမှာ ထိုင်၍ စကားစမြည် ပြောနေစဉ် ရှဲ့လျန်၏ နားထဲ၌ ''ကိုကို'' ဟုခေါ်သံကို ကြားလိုက်ရသည်။
သူ့ကို ဟွားချန်းက နှစ်ယောက်တည်း
ကြားနိုင်မည့် ဆက်သွယ်ရေးစက်ကွင်းမှ စကားပြောနေခြင်း ဖြစ်သည်။ ဖုန်းရှင့်နှင့်မုချင် မကြားနိုင်ပါ။ ရှဲ့လျန် ပြန်ပြောသမျှကိုလည်း ကြားရမည်မဟုတ်ပါ။ရှဲ့လျန်မှာ ဟွားချန်းတစ်ယောက် ထွက်သွားသည်မှာ တစ်နာရီမပြည့်သေးခင်ပင် သူ့ကို ''ကိုကို''ဟု ခေါ်သံကြားလိုက်ရပြီ ဖြစ်သည်။
"စန်းလန် ... အဆင်ပြေရဲ့လား''
ရှဲ့လျန်က ဟွားချန်းကို စိတ်ပူစရာ မလိုမှန်းသိသော်လည်း သူ စိတ်ပူမိသည်ကအမှန်။
ဟွားချန်းသည် အတန်ကြာ တုံ့ဆိုင်းနေခဲ့သည်။ အတန်ကြာမှ တိုးညှင်းသော လေသံဖြင့် ဖြေသည်။
"ကျွန်တော် အဆင်မပြေဘူး ၊ ကိုကို''
မျှော်လင့်မထားသည်ကို ကြားလိုက်ရသောကြောင့် ရှဲ့လျန် တစ်မုဟုတ်ချင်း စိတ်ပူသွားသည်။ ဟွားချန်းကဲ့သို့ ပြိုင်ဖက်ကင်းအရည်အချင်းရှိသူကို အဆင်
မပြေအောင်လုပ်သည်မှာ ကိစ္စသည် အတော်အတန်ကြီးနေသည်လားမသိ။"စန်းလန် ဘာဖြစ်လို့လဲ မိစ္ဆာတွေက စွမ်းအားကြီးလို့လား''
ဟွားချန်က အေးဆေးစွာ ပြန်၍ ဖြေသည်။
"အဲ့ဒီ မိစ္ဆာတွေသတ်ဖို့ ကျွန်တော်လက်ဖျောက်တီးလိုက်ရုံပဲ လိုတယ်''
"အဲ့ဒါဆို ငါတို့ စန်းလန်ကို ဘာကအဆင်မပြေအောင် လုပ်နေတာလဲ''
"ကိုကိုက. . .''
"ဟင်. . .''
ရှဲ့လျန် အံ့သြ သွားသည်။
"ကိုကိုက အရမ်းလွမ်းအောင်လုပ်နေတယ်လေ၊ ကျွန်တော်အဆင်မပြေတော့ဘူး၊ ကိုကိုရော ကျွန်တော့်ကို မလွမ်းဘူးလား''
YOU ARE READING
Heaven Official's Blessing's Fan Fic {Complete}
FanfictionParallel Universe တစ်ခုမှာ ဟွားချန် နဲ့ အရှင့်သား ရှဲ့လျန် တကယ် တည်ရှိနေမယ်လို့ ယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်း ခံစားပြီး ရေးထားသော Fan fiction သက်သက်သာ ဖြစ်ပါတယ်။