Chapter 14

10.4K 1.1K 57
                                    

Unicode>>

ဟွားချန်ပြောသော ''ကျွန်တော့်ချစ်သူက'' ဆိုတာ ရှဲ့လျန်ကို အတိအကျညွှန်းဆိုနေခြင်းသာဖြစ်သည်။ ''ကျွန်တော့်ကို''ဆိုတာ ဟွားချန်က သူ့ကိုယ်သူပြောနေခြင်းဖြစ်သည်။

ရှဲ့လျန်က ဟွာချန်းတမင်ပြောမှန်းသိနေသည်။ အရင်တုန်းက ဟွာချန်းက ရှဲ့လျန်ကို ''ကိုကို. . . လက်ထပ်မလား''ဟုမေးဖူးသည်။ မည်သူ့ကို လက်ထပ်ရမည်ဟုမပါခဲ့။ ပြီးတော့ စနောက်သည်ဟုသာ ပြောခဲ့သည်။

ယခုတော့ အတိအကျကို ဆိုနေပြီ။ ရှဲ့လျန် မည်သို့ ပြန်ဖြေရမည် မသိ။ ထိုသည်ကက လက္ခဏာကြည့်ပြီး ရှေ့ဖြစ်ဟောခြင်းနဲ့ လုံးလုံးမသက်ဆိုင်။ အဖြေက ရှဲ့လျန်အပေါ်တွင်သာ မူတည်သည်။

ရှဲ့လျန် ဟွားချန် မျက်နှာကို ကြည့်လိုက်သည်။ အပေါ်ယံကြည့်လျှင် တည်ငြိမ်နေသည်ဟုထင်ရသော်လည်း ဟွာချန်း၏ မျက်ဝန်းထဲက စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို ရှဲ့လျန်တွေ့နေရသည်။

ဟွားချန်ကို ရှဲ့လျန် အကြွင်းမဲ့ ချစ်ပေမဲ့ လက်ထပ်ရမည် ဆိုသည်မှာ သာမန်လူလောက,က လူတွေလုပ်ကြသည့် ဓလေ့ပင်။ ရှဲ့လျန်က ကောင်းကင်ဘုံက စစ်နတ်ဘုရား၊ ဟွာချန်းက ဖျက်ဆီးခြေမှုန်းခြင်းအဆင့်ရှိသော တစ္ဆေမြို့အရှင်။ လက်ထပ်ခြင်း ဓလေ့ထုံထမ်းက ရှဲ့လျန်နှင့် မကျွမ်းဝင်။

သူတို့နှစ်ယောက် အတူရှိနေပေမဲ့ လက်ထပ်ပြီးလျှင် ရှဲ့လျန်က တစ္ဆေမြို့က ဟွားချန်ဆီ လိုက်နေရမည်လား၊ ဟွားချန်က သူ့၏ ကောင်းကင်ဘုံက နန်းဆောင်ဆီလိုက်နေမည်လား၊ သို့မဟုတ် ဖုကျိနတ်ကွန်းမှာပဲ အတူတူနေရမည်လား ရှဲ့လျန်မဝေခွဲတတ်သေး။ ရှဲ့လျန်အချိန်ယူပြီး ပြင်ဆင်ချင်သေးသည်။

ထိုအခိုက်အတန့်မှာ လေပြင်းတစ်ချက်တိုက်လိုက်သောကြောင့် မေဘယ်ပင်က နီစွေးစွေးအရွက်လေးတွေကြွေကျလာသည်။

မကြာခင် ဆောင်းရာသီကုန်ပြီး နွေဦးရောက်လျှင် မြေပြင်တစ်ခုလုံး နီဆွေးဆွေး မေဘယ်ရွက်လေးများနှင့်သာပြည့်နေတော့မည်။ ရှဲ့လျန်က ကြွေကျလာသော မေဘယ်ရွက်လေးကို ဖမ်းယူလိုက်သည်။

Heaven Official's Blessing's Fan Fic {Complete}Where stories live. Discover now