Chapter 10

12.4K 1.2K 134
                                    

Unicode>>

ရှဲ့လျန် ယခုရက်ပိုင်း ဖုကျိနတ်ကွန်းမှာပဲ ဆုတောင်းစာတွေဖတ်၍ ဖြည့်ဆည်းသင့်တာဖြည့်ဆည်းပေးပြီး နေနေသည်။ ကောင်းကင်ဘုံက နန်းဆောင်ကိုလည်း မပြန်ဖြစ်။ ဟွာချန်းကမူ တစ္ဆေမြို့တော်မပြန်ဘဲ သူနှင့်အတူနေသည်။

နိစ္စဒူဝ နတ်ကွန်းတွင်ပဲ အချိန်ကုန်နေသောကြောင့် ရှဲ့လျန်ပျင်းလာသည်။ သူအပြင်တစ်နေရာရာကို သွားချင်လာသည်။ စိတ်ပြေလက်ပျောက် အလည်အပတ်ဖြစ်ဖြစ်ပေါ့။

ဟွာချန်းကိုတိုင်ပင်တော့လည်း ကိုကို့ သဘောဟု သာပြောသည်။ ရှဲ့လျန်ကိုယ်တိုင်လည်း မည်သည့် နေရာသွားရမည်ကို မဝေခွဲတတ်။

ဟွာချန်း၏ တစ္ဆေမြို့တော်က စိတ်ဝင်စားစရာ ကောင်းပေမဲ့ သူခဏခဏ ရောက်ဖူးသည်။ တစ္ဆေမြို့တော်က လောင်းကစားဝိုင်းတွေ အမျိုးမျိုးသော စားသောက်ဆိုင် ဈေးဆိုင်တို့နဲ့ ပြည့်နေသည်။ သက်ဝင်လှုပ်ရှားပြီး ဆူညံနေသည်။

ရှဲ့လျန်သွားချင်သည်က အေးအေးဆေးဆေး သဘာဝတောတောင် ရေမြေအလှကို ခံစားနိုင်မည့်နေရာမျိုးပင်။

အကြောင်းတိုက်ဆိုင်စွာပင် နောက်တစ်နေ့မှာတော့ တိုင်းပြည်အနှံ့လျှောက်သွားနေသော သူ့ဆရာပရောဟိတ်ကြီးက ရှဲ့လျန်၏ ဖုကျိနတ်ကွန်းရှိရာ ပြည်နယ်အနီးတွင် ရောက်နေကြောင်း ရှဲ့လျန်ကို လာတွေ့စေချင်ကြောင်း ဆက်သွယ်လာသည်။

ရှဲ့လျန်တွေဝေမှုမရှိ၊ ချက်ချင်းပင် လာမည်ဖြစ်ကြောင်း ပြောလိုက်သည်။ သူ့ဆရာနှင့် မတွေ့ရသည်မှာ အတော်ကြာနေပြီဖြစ်သည်။  ဟွာချန်းကလည်း မကန့်ကွက်။ သူသွားမည့်နောက်သာ လိုက်မည်ဖြစ်သည်။

ပရောဟိတ်ကြီးမှာ ပြည်နယ်အစွန်က သစ်တောအိမ်တစ်လုံးတွင် ခေတ္တ
တည်းခိုနေကြောင်း သိရသည်။

နေရာပြောင်းစက်ကွင်းဆွဲ၍ပဲ ဖြစ်ဖြစ် ဟွာချန်း၏ အန်စာတုံးခေါက်၍ပဲ ဖြစ်ဖြစ် ခဏချင်း ရောက်နိုင်သော်လည်း ရှဲ့လျန်မှာ တောတောင်ရေမြေသဘာဝကို ခံစားလိုသောကြောင့် ရိုးရိုးသာမန်အတိုင်း ခြေလျင်သွားရန်သာ ဆုံးဖြတ်လိုက်သည်။

Heaven Official's Blessing's Fan Fic {Complete}Where stories live. Discover now