Chapter 16

8.4K 1K 34
                                    

Unicode>>

ရှဲ့လျန်နှင့် ဟွားချန်မှာ ဝတ်ရုံများ ကြားထဲ ခန္ဓာကိုယ်ချင်း ပူးကပ်ပြီး အနမ်းခြွေနေကြသည်။ ဟွားချန်က ရှဲ့လျန်ခါးကို တင်းကျပ်စွာဖက်ထားပြီး ရှဲ့လျန်က ဟွာချန်းလည်ပင်းတွေကို သိုင်းဖက်ထားသည်။

အချိန်အတော်ကြာမှ သူတို့ နမ်းရှုပ်ခြင်းကို ရပ်လိုက်တော့သည်။

ရှဲ့လျန်သည် ဖုန်းရှင့်ထွက်သွားကတည်းက ဝတ်ရုံနှစ်စုံသာ စမ်းကြည့်ရသေးသည်။ ဒီတိုင်းသာဆိုလျှင် တစ်နေကုန်လျှင်တောင် တာဝန်ပြီးမည်မထင်။

ထိုကြောင့် ရှဲ့လျန်မှာ နောက်ထပ်ဝတ်ရုံတွေကို မြန်မြန်သွက်သွက် စမ်းဝတ်ကြည့်ရသည်။ ဒီတစ်ခါတော့ ဟွားချန်က ရှဲ့လျန်တာဝန်မပြီးသေးသည်ကို သိသောကြောင့် ရိုးရိုးအမိန့်များသာပေးလေသည်။

ခဏအကြာ ဖုန်းရှင့် ပြန်လာသည်။

ရှဲ့လျန်က မေးလိုက်သည်။

"ဖုန်းရှင့်. . .ဘာတွေ့ခဲ့လဲ''

"သာမန်တစ္ဆေတစ်ကောင်ပါ ၊ ဒီနားမှာ ခိုကပ်နေတာ ကျွန်တော်တို့ကိုတွေ့လို့ ထွက်ပြေးတာ'' ပြောရင်း ဖုန်းရှင့်က ရှဲ့လျန်ကိုမျက်လုံးဝေ့ကြည့်သည်။ သူသွားကတည်းက ဝတ်ရုံများမှာ အရာမယွင်းသယောင်။

"အရှင့်သား ကျွန်တော်သွားတာကြာလှပြီ ဝတ်ရုံနည်းနည်းလေးပဲ စမ်းရသေးတာလား''

ရှဲ့လျန်မှာ မကောင်းမှုပြုသည်ကို မိသွားသော ကလေးငယ်လို ခံစားမိနေသည်။

ဟွားချန်ကတော့ ဟန်မပျက်ပေ။ အေးအေးဆေးဆေးလက်ပိုက်ကြည့်နေသည်။ ဟွားချန်၏ အကျင့်စရိုက်အရ ဖုန်းရှင့်ကို ရှိသည်ဟုတောင် သဘောမထားပေ။ ရှဲ့လျန်ကသာ ရှက်ယမ်ယမ်းပြီး ပြောလိုက်သည်။

"အင်း. . .ဘယ် ဝတ်ရုံဝတ်ရမလဲ ရွေးနေတာ''

ဖုန်းရှင့်မှာတော့ နားမလည်ဖြစ်သွားရသည်။ အရှင့်သားပြောတော့ ဝတ်ရုံက ကြည့်ရုံနဲ့ မသိဘူးဆို ဘာတွေရွေးနေတာလဲ။

ကံကောင်းသည်က ရှဲ့လျန်ဝတ်ရုံအားလုံးကို စမ်းကြည့်စရာမလိုပါ။ အစုံနှစ်ဆယ်ကျော်လောက်တွင်တော့ သူရှာနေသည်ကို တွေ့ရသည်။ လင်းဝမ်ပြောသလိုပင် ဝတ်ရုံက စဖြစ်တည်သည်မှာ မကြာသေး။ အဖျက်စွမ်းအင် မကြီးသေးပေ၊ ဝတ်ရုံကို ရှာတွေ့ပြီးဖြစ်၍ ရှဲ့လျန်တာဝန်ပြီးပါပြီ။

Heaven Official's Blessing's Fan Fic {Complete}Tempat cerita menjadi hidup. Temukan sekarang