Chapter 12

10.8K 1.1K 85
                                    

Unicode>>

ရှဲ့လျန်မှာ ဟွာချန်း ခေါ်ဆောင်ရာ အသာအကြည် လိုက်လာခဲ့သည်။ ညဥ့်မှောင်နေသော်ငြား ထိန်ထိန်သာနေသော လမင်းကြီးကြောင့် ပတ်ဝန်းကျင်ကိုတော့ အသေအချာ မြင်နိုင်သေးသည်။ လေပြည်လေးက တစ်ချက်တစ်ချက် ဝှေ့ပြီး တိုက်ခတ်လာသည်။

ရှဲ့လျန် အလွန်အမင်းသိချင်နေပေမဲ့ ဟွာချန်းကတော့ အေးအေးဆေးဆေးပင် သူ့ကိုပြောပြမည့်ပုံမပေါ်။ ရှဲ့လျန်၏ သိချင်စိတ်နှင့် မေးသော အကြည့်ကို အပြုံးဖြင့်သာတုံ့ပြန်သည်။

လမ်းလျှောက်လာသည်မှာ တစ်ရှိချန်မျှကျော်နေပြီ ဖြစ်သည်။ ယခုထိ ရှဲ့လျန်မှာ မည်သည့် နေရာကို ဦးတည်သွားနေသည်ကိုပင် မသိရသေး။

ရုတ်တရက် ရှဲ့လျန်က ခြေလှမ်းကို ရပ်လိုက်သည်။

ဟွာချန်းက စိတ်ပူပြီး သူ့ကို မေးလာသည်။

"ကိုကို. . .ဘာဖြစ်လို့လဲ''

ရှဲ့လျန် ပြန်၍ မဖြေဘဲ ရပ်မြဲရပ်နေသည်။

ဟွာချန်း၏ အရှေ့ကို ဦးတည်နေသော ခြေလှမ်းတို့မှာ ရှဲ့လျန်ဘက်လှည့်လာသည်။

ရှဲ့လျန် တုပ်တုပ်မလှုပ် ခေါင်းကိုငုံ့ထားသောကြောင့် သူ့ ရှေ့ရောက်လာသော အနီရောင်ဝတ်ရုံဝတ် ကောင်လေး၏ ခြေထောက်တစ်စုံကို တွေ့မြင်ရသည်။ ဟွာချန်းက ငုံ့နေသော မျက်နှာကို ဆွဲမော့ပြီး သူ့ကိုမေးသည်။

"ကိုကို. . . ဘာဖြစ်လို့လဲ''

ဆွဲမော့ခံလိုက်ရသော ရှဲ့လျန်မှာ ဟွာချန်း မျက်လုံးများကို အသေအချာ ကြည့်နေသည်။ နီးကပ်လွန်းသောကြောင့် နှုတ်ခမ်းတွေမှာ ထိလုမတတ်။

ရှဲ့လျန်က ဟွာချန်း၏ နှုတ်ခမ်းဆီ အကြည့် ရောက်မိတော့ သူ့နှုတ်ခမ်းနီထွေးထွေးကို မသိမသာဖိကိုက်မိသွားသည်။ ထိုအခိုက်အတန့်က ခဏတာသာ ဖြစ်သော်ငြား ရှဲ့လျန်ကို ကြည့်နေသော ဟွာချန်း၏ မျက်ဝန်းတစ်စုံက ပိုလို့ စူးရှသွားသည်။

"ကိုကို. . .''

ဟွာချန်းစကားမဆုံးလိုက်ပါ။

အကြောင်းရင်းမှာ တစ်စုံတစ်ယောက်က သူ၏ နှုတ်ခမ်းကို သိမ်းပိုက်လိုက်သောကြောင့်ပင်။ နွေးထွေးသော အထိအတွေ့နှင့် နီထွေးထွေး နှုတ်ခမ်းတစ်စုံက စကားပြောတော့မည့် သူ၏ နှုတ်ခမ်းဆီကို ကျူးကျော်နေခဲ့သည်။

Heaven Official's Blessing's Fan Fic {Complete}Where stories live. Discover now