Chapter 21

9.9K 1.1K 88
                                    

Unicode>>

ရှဲ့လျန် အိပ်ရာနိုးလာတော့ သူ့ကိုယ်ပေါ်ကို ဖြာပြီး ကျရောက်နေသော နေရောင်ခြည်နွေးနွေးကို ခံစားလိုက်ရသည်။ သူ အချိန်တော်ကြာ အိပ်ပျော်သွားခြင်း ဖြစ်လိမ့်မည်။

ရှဲ့လျန်က မျက်တောင်ရှည်ကြီးများကို ပုတ်ခတ်ပြီး မျက်လုံးများကို အားယူဖွင့်လိုက်သည်။ သို့သော် သူမြင်လိုက်ရသည်က သူ့မျက်လုံးများကို ကာပေးထားသော လက်ဝါးရိပ်တစ်ခုပင်။ သေချာပေါက်ဟွားချန်း၏ လက်ပင်ဖြစ်သည်။

ရှဲ့လျန် မျက်နှာပေါ်ကျရောက်နေသော နေရောင်ခြည်တန်းလေးကို ကာပေးနေခြင်းဖြစ်သည်။ ရှဲ့လျန်က သူ့မျက်နှာပေါ် မိုးကျနေသောဟွားချန်လက်ကို စိုက်ကြည့်နေသည်။ သူ့မှာ ပင်ပန်းနွမ်းနယ်နေသည်မို့လို့ မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်ရသည်ကပင် မျက်လုံးများကျိန်းစက်နေသည်။

ရှဲ့လျန်က အိပ်ရာနိုးစဖြစ်ရာ ပြည့်ပြည့်ဝဝ မနိုးကြားသေး။ ဟွားချန်၏ အပြုအမူကို နားမလည်။

ခဏနေမှ ဟွားချန်က သူ့မျက်နှာပေါ်ကျရောက်လာသော နေရောင်ခြည်ကြောင့် သူမျက်လုံးများ ကျိန်းမှာဆိုးသည့်အတွက် ကာပေးထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ရှဲ့လျန်က ဟွားချန်၏ လက်ကို အသာဆုပ်ကိုင်လိုက်သည်။

"စန်းလန်. . .ရပြီ''

ဟွားချန်က သူ၏ သွားစွယ်လေးများပေါ်အောင် ပြုံးပြရင်း ပြောလေသည်။

"ကိုကို နိုးလာပြီလား''

"အင်း. . .'' ရှဲ့လျန်က ဖြေရင်း ဟွားချန်ကို ကြည့်လိုက်သည်။

"စန်းလန် မအိပ်ဘူးလား''

"ကျွန်တော် မအိပ်ဘူး ကိုကို''

ဟွားချန် အဖြေကြောင့် ရှဲ့လျန်အနည်းငယ် အံ့အားသင့်သွားသည်။ တစ္ဆေဘုရင်ကြီးက အိပ်စကိအနားယူဖို့ အမှန်တကယ်ပင် မလိုသော်လည်း ခါတိုင်းဆို ဟွားချန်က ရှဲ့လျန်နှင့်အတူ လိုက်အိပ်စက်သည်။

ထို့ကြောင့် ရှဲ့လျန် မေးလိုက်သည်။

"စန်းလန် ဘာလို့မအိပ်တာလဲ''

Heaven Official's Blessing's Fan Fic {Complete}Where stories live. Discover now