Chapter 7

13.2K 1.3K 48
                                    

Unicode>>

ဖုကျိ နတ်ကွန်းမှာ ရှဲ့လျန်နှင့် အချိန်အတော်ကြာ ထွေရာလေးပါး စကားစမြည် ပြောပြီးနောက် ဖုန်းရှင့်နဲ့ မုချင်သည် တာဝန်ထမ်းဆောင်ရန် ရှိသောကြောင့် ကောင်းကင်ဘုံသို့ အသီးသီး ပြန်သွားခဲ့ကြသည်။

၎င်းတို့ ပြန်သွားချိန်မှာ ဝန်းကျင်၌ နေရောင်ပင် မရှိတော့။ ညဥ့်ရောက်ပြီဖြစ်ရာ မှောင်ရီပျို့ပျို့ သန်းလာလေပြီ။

စစ်နတ်ဘုရားတစ်ပါး အနေဖြင့် အိပ်စက်အနားယူစရာ အမှန်တကယ်ပင် မလိုအပ်သော်လည်း ရှဲ့လျန်မှာ နှစ်ရှစ်ရာလောက် စွမ်းအားများ အသိမ်းခံခဲ့ရစဉ်က သာမန်လူလိုပင် ပြုမူခဲ့သည်ဖြစ်သောကြောင့် သူ့အတွက် ညဘက်အိပ်စက်ခြင်းက ကျင့်သားရနေပြီဖြစ်သည်။ ကျင့်သားမရသေးသည်က သူ အိပ်စက်သွားလျှင် ရင်ခွင်ထဲ ဆွဲသွင်းပြီး ပွေ့ဖက်ထားပေးမည့်သူ မရှိခြင်းပင်။

ရှဲ့လျန်တစ်ယောက် ကိုယ်လက်သန့်စင်ပြီး ဝတ်ရုံဖြူကိုလဲကာ အိပ်ရာပေါ် လာခဲ့သည်။ သူ အိပ်စက်ရန် မျက်လုံးမှိတ်ထားစဉ်မှာပဲ အသံတစ်ခုကြားလိုက်ရသည်။

သူ လွမ်းဆွတ်နေသောအသံ ဖြစ်သည်။

"ကိုကို. . . အိပ်တော့မလို့လား''

ဟွားချန်းက နံဘေး၌ မရှိပဲနှင့် ရှဲ့လျန်၏ အမူအကျင့်များကို အလွတ်ရလို့နေသည်။

"အင်း. . .စန်းလန်ရောအဆင်ပြေလား''

"အဆင်ပြေပါတယ်၊ အကုန်အပြီးသတ်ပြီး ကိုကို ဆီလာချင်တယ်၊ ကိုကို အိပ်မပျော်မှာစိုးလို့''

အမှန်တကယ်ပင် ဟွားချန်းက သူ၏ စိတ်ကို နားလည်လွန်းလှသည်။ သူသတိရနေစဥ်မှာပင် ဆက်သွယ်ရေးစက်ကွင်းမှ သူ့ကို လှမ်းဆက်သွယ်သည်။ ထို့ပြင် ဟွားချန်းက သူ မရှိ၍ ရှဲ့လျန်  အိပ်မပျော်မည်ကို စိတ်ပူနေသည်။

"စန်းလန်ကို သတိရတယ်''

ရှဲ့လျန် တိုးတိတ်စွာ ပြောမိသည်။

"ကျွန်တော်ရောပဲ၊ ကိုကို့ကို အရင်နေ့တွေကလိုပဲ ကျွန်တော့် ရင်ခွင်ထဲထည့်သိပ်မယ်နော်. . .''

ရှဲ့လျန် နှလုံးသားတစ်ခုလုံး အရည်ပျော်သလို ခံစားလိုက်ရသည်။ နံဘေးမှာမရှိတောင် ဟွားချန်က သူ့ကို ချော့သိပ်နေသည်။

Heaven Official's Blessing's Fan Fic {Complete}Where stories live. Discover now