Chapter 22

9.1K 1K 101
                                    

Unicode>>

လင်းဝမ်က ဆက်သွယ်ရေးစက်ကွင်းကို ဖြတ်တောက်ပြီးနောက် ရှဲ့လျန်မှာ ဟွားချန်ကို စိုးရိမ်စွာကြည့်လိုက်သည်။ လင်းဝမ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားပြီလား သို့မဟုတ် သူ့ကိုများ စိတ်ဆိုးသွားပြီလားမပြောတတ်။

"စန်းလန်. . .စိတ်ဆိုးသွားတာလား''

လင်းဝမ်နှင့်ပြောတုန်းက ရေခဲတမျှ အေးစက်နေသော ဟွားချန်၏ အသံမှာ ပုံမှန်အသံ ပြန်ဖြစ်သွားသည်။

"ကိုကို''

"အင်း. . .စန်းလန်ပြော''

ဟွားချန်၏ မျက်နှာ အမူအရာက လေးနက်နေသည်။ သူ အရေးကြီးသည့် တစ်စုံတစ်ရာကို ပြောဖို့ ပြင်နေသလိုပင်။ ပြီးမှ သက်ပြင်းမျှင်းမျှင်းလေးချပြီး ရှဲ့လျန်ကိုပြောလေသည်။

"တကယ် ခံစားရတယ်သိလား ကိုကို''

ရှဲ့လျန်ထိတ်လန့်သွားသည်။ ဟွားချန်က သူ့ကို စိတ်ဆိုးသွားသည်လား။ ဟွားချန်က တစ်ခါမှ သူ့ကို စိတ်မဆိုးဖူးပေ။ ယခု ရှဲ့လျန် ဘာလုပ်ရမှန်း မသိပါ။

"ကျွန်တော်က ကိုကို့ကို စိတ်ဆိုးလိမ့်မယ်လို့ ကိုကိုတွေးနေတာ ကျွန်တော့်ကို ပိုခံစားရစေတယ်''

"စန်းလန်. . .''

ရှဲ့လျန်မှာ ဟွားချန်စကားကြောင့် ပြုံးမိသွားသည်။ သူဘယ်လိုအတွေးချော်နေတာလဲ။ ဟွားချန်က သူ့ကို စိတ်ဆိုးလိမ့်မယ်ဆိုတာ တကယ်မဖြစ်နိုင်ဆုံးအရာတွေထဲက မဖြစ်နိုင်ဆုံးသောအရာပင်။

"ဒါပေမယ့် ကိုကိုသိလား ကျွန်တော်က ကိုကို့ကိုပဲ စိတ်မဆိုးတာ''

ပြောရင်း ဟွားချန်က အိပ်ရာပေါ်ကထပြီး အဲ့မင်ကို တင်ထားသောစားပွဲဆီသို့ သွားလေသည်။

ရှဲ့လျန်မှာ ထိတ်လန့်သွားသည်။ ဟွားချန်က တကယ်ကြီး လင်းဝမ်ကို စိန်ခေါ်ဖို့ စိတ်ကူးနေသည်လား။

သူ လန့်ပြီး အိပ်ရာပေါ်ကထဖို့ ပြင်လိုက်ပေမဲ့ သူခန္ဓာကိုယ်မှာ အဝတ်အစားမရှိနေသည်ကို သတိရလိုက်သည်။ ခါတိုင်းဆို ဟွားချန်က သူ့ကိုဝတ်ရုံပါးပါးတစ်ထည်ဖြစ်ဖြစ် ဝတ်ပေးထားသည်။ ရှဲ့လျန်၏ တုန်လှုပ်နေသော အမူအရာကြောင့် ဟွာချန်းက အဲ့မင်ကိုခါးတွင်သေသပ်စွာချိတ်ပြီး ရှဲ့လျန်အတွက် ဝတ်ရုံတစ်ထည်ယူလာပေးလေသည်။ ပြီးတော့ ရှဲ့လျန်ကို ဝတ်ပေးပြီး ပြောလေသည်။

Heaven Official's Blessing's Fan Fic {Complete}Where stories live. Discover now