Episode 4

172 26 6
                                    

[Zawgyi]

*tap tap tap*

မနှေးလွန်းမမြန်လွန်းဘဲ မှန်မှန်လှမ်းလာတဲ့ ခြေသံတွေ..

*tap tap tap*

!! သေချာတယ် ဒါ ကျွန်တော့် crush ရဲ့..
ပြီးပြည့်စုံတဲ့ခြေသံတွေပဲ!!

ဆောဝန်းမျက်ဝန်းတွေ ချက်ချင်းတောက်ပလာပြီး ခြေသံရှိရာဘက် ဆတ်ခနဲလှည့်ကြည့်လိုက်သည်။

သေချာတာပေါ့!

အနက်ရောင် Bodyguard တွေရဲ့ရှေ့က ခြေလှမ်းမှန်မှန်နဲ့ လျှောက်လာသူဟာ စူးရှတဲ့မျက်ဝန်းတစ်စုံနဲ့ နတ်ဘုရားတွေ ကိုယ်တိုင်ထွင်းထုထားသလို ချောမောတဲ့ရုပ်ရည်နဲ့ရီဟွား..

ရီဟွားရဲ့ပုံမှန်အေးစက်တဲ့အရှိန်အဝါက အဝေးမှာရှိနေတဲ့ ဆောဝန်းတောင် မသိချင်ယောင်ယောင်ဆောင်ဖို့ မဖြစ်နိုင်ဘူး
ပန်းချီကားထဲက ခုန်ထွက်လာတဲ့ ဘုရင်တစ်ပါးလို ခန်းနားပြီး စူးရှထက်မြက်မှုအပြည့်နဲ့..

ခံစားချက်မဲ့ မီးခိုးရောင်မျက်ဝန်းတွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ အပူချိန်တောင် တစ်ဝက်လောက်ကျသွားသလို..

Ah.. အေးသွားတာပဲ

တိတ်တဆိတ်မှတ်ချက်ချမိရင်း ဆောဝန်း ရီဟွားရဲ့ မျက်နှာချောချောကို တမေ့တမောပဲ ဆက်ငေးနေသည်။

အစဉ်အမြဲတွန့်ချိုးထားတဲ့ မျက်ခုံးထင်းထင်းတွေကြောင့် ရီဟွားရဲ့မျက်နှာက ချဉ်းကပ်ဖို့ခက်ခဲသယောင် ထင်ရတယ်..

အာ.. ထင်ရတာမဟုတ်ဘူး

တကယ်ခက်ခဲတာ..

ပုံမှန်သူတွေက ထိုအတွေးကြောင့် နောက်ဆုတ်သွားလေ့ရှိပေမဲ့ အခု အဲ့လူတွေထဲမှာ ဒီဆောဝန်းမပါတော့ဘူး..

ရီဟွားအနီးကပ်ရောက်လာတဲ့အခါ ဆောဝန်းနှုတ်ခမ်းထက် တောက်ပသောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဆောဝန်တစ်ယောက် လက်ထဲကပန်းစည်းကို ဂရုတစိုက်ပွေ့ကိုင်ကာ သူ့ကိုခံစားချက်မဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေသော ရီဟွားရှေ့ အပြေးရောက်သွားလေရဲ့..

"Hi!"

နှုတ်ဆက်သောဆောဝန်းအသံတွင် ပျော်ရွှင်ရိပ်တို့အထင်းသား..
လက်ထဲမှပန်းစည်းကို ရီဟွားမြင်သာအောင် မြှောက်ကိုင်လိုက်ရင်း..

Dearest, you saidWhere stories live. Discover now