Episode 9

150 20 3
                                    

[Zawgyi]

"Crush ကျွန်တော့်ကို စောင့်ဦးလေ"

ကောင်လေးက ရီဟွားရှေ့ပိတ်ရပ်လိုက်ရင်း အသက်ဖွဖွလေးတွေ မောဟိုက်စွာရှူနေသည်။

ရီဟွား မျက်ဝန်းတွေ ပိုမိုအေးစက်သွားသည်။

ဆောဝန်းရင်ဘတ်ကို အသာဖိလိုက်ရင်း သူ့ရှေ့မှ သွေးအေးသူကို စိတ်ဝင်တစားကြည့်ကာ ပြုံးလိုက်မိသည်။

"Crush! ဒီမှာ"

ဆောဝန်းတစ်ယောက် လက်လေးမြောက်ကာ လက်ထဲကအိတ်လေးကို ရေခဲတုံးအရှင်ဆီ ဆက်သမိသည်။

"Crush အတွက် orange glorious!
Crush လိမ္မော်သီးတွေ ဘယ်လောက်နှစ်သက်ကြောင်း ကျွန်တော်သိတယ်လေ (﹡ˆ﹀ˆ﹡)♡

Crush မနက်အစောကြီး အလုပ်လုပ်ရတာဆိုတော စိတ် လန်းသွားအောင် juice ဖျော်လာခဲ့တာ"

အိတ်ထဲမှ တစွန်းတစမြင်ရသော ဖန်ပုလင်းကြည်ကြည်ထဲ ဖျော်ထားတာ မကြာသေးမှန်းသိသာတဲ့  လိမ္မော်ရောင်စိုစိုလေးက လှုပ်လဲ့နေသည်။

"ရေခဲလေးတွေတောင် ထည့်လာသေးတယ်"
ရေခဲတုံးအရှင်အတွက်~

ထုတ်မပြောဖြစ်သော ဒုတိယစကားကိုတွေးရင်း သဘောကျမိစွာပဲ ဆောဝန်းမျက်ဝန်းတွေ လခြမ်းကွေးလေးတွေပင် ဖြစ်သွားသည်။

ရီဟွား နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ ရှောင်ဖယ်သွားဖို့လုပ်ပေးမဲ့ ထိုကောင်လေးက ခေါင်းမာစွာပဲ ပိတ်ရပ်နေသည်။ မြှောက်ထားသောလက်ကိုလည်း နည်းနည်းလေးတောင်မချ..

"......"

ရီဟွားသက်ပြင်းချရင်း အနောက်ဘက်မှ ကိုင်ကို လက်နဲ့အချက်ပြလာသည်။ ကိုင်တစ်ယောက် နှစ်ယောက်ကြားအမြန်ဝင်ရင်း ကောင်လေးလက်ထဲက အိတ်ကို လွဲပြောင်းယူလိုက်သည်။

သူယူတာမြင်တော့ ကောင်လေးက ကျေနပ်စွာပြုံးလာသည်။

"ကောင်လေး..ဖယ်တော့လေ"

ကိုင် သူ့ရှေ့က ကောင်လေးကို သတိပေးလိုက်သည်။

"Ahh.. ဖယ်ပြီနော် ကျွန်တော်"

ဒီတစ်ခါတော့ ထိုကောင်လေးဟာ နာခံစွာပဲ ဘေးဘက်ကိုရွေ့ကာ လမ်းဖယ်ပေးသည်။

Dearest, you saidWhere stories live. Discover now