Episode 6

159 27 0
                                    

[Zawgyi]

>>Hua entertainment ၈ထပ်မြောက်ရှိ ceo ရုံးခန်း

အဖြူအနက် theme နဲ့ သပ်ရပ်နေသောရုံးခန်းထဲ စာရွက်တဖျတ်ဖျတ်လှန်သံမှလွဲ ဘာဆိုဘာမှမကြားရ..

တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေက သူ့နေရာနှင့်သူ သပ်ရပ်စွာရှိနေကြသည်။ ပြင်သစ်စတိုင်မှန်ပြတင်းပေါက်ရှည်ကို နောက်ခံထားသော ceo စားပွဲရှိ တန်ဖိုးကြီးဆုံလည်ထိုင်ခုံထက်တွင်တော့ ချောမောသောလူသားတစ်ဦး ထိုင်နေသည်။ သူ့ရှေ့တွင်က ဖတ်လက်စ စာရွက်စာတမ်းအချို့နဲ့..

စာရွက်တွေကို အကုန်ဖတ်ပြီးတော့ လိုအပ်တဲ့နေရာတွေကို လက်မှတ်ထိုးပေးလိုက်ရင်း ရီဟွား ဖိုင်ကိုပိတ်လိုက်သည်။ နာရီကိုတစ်ချက်ကြည့်မိတော့ ၂:၄၅ မိနစ်..
ရီဟွားမျက်ဝန်းတွေ ကျဉ်းမြောင်းသွားကြရင်း တံခါးဆီကို လှမ်းကြည့်မိသည်။

*Kacha*

ထိုအချိန်မှာပဲ ရုံးခန်းတံခါးပွင့်လာပြီး ရီဟွားရဲ့အတွင်းရေးမှူးဝင်လာသည်။ လက်ထဲမှာလည်း ကော်ဖီပူပူတစ်ခွက်နဲ့..

"Boss.. ကော်ဖီရပါပြီ"

ရီဟွား အနားယူချိန်အတိအကျအတိုင်း အတွင်းရေးမှူးက ရီဟွားနှစ်သက်တဲ့ black coffeeကိုယူလာပေးရသည်။ ကော်ဖီကိုတောင် ရေးနွေး ၃ပုံ၂ပုံပဲရှိတဲ့ဟာမှ.. အဲ့ကနေနည်းနည်းလေးလွဲတာနဲ့ ရီဟွားက ပြန်ဖျော်ခိုင်းတတ်သည်။
အချိန်ကိုလည်း နည်းနည်းလေးတောင် နောက်ကျလို့မရ..

Bossဟာ တကယ်တိကျနေတာကိုမှ ကြိုက်သည်မို့လား..

သူမ ကော်ဖီခွက်ကို စားပွဲထက်အသာတင်ပြီး တိတ်ဆိတ်စွာစာဖတ်နေသော boss ကိုတစ်ချက်ကြည့်မိသည်။ Bossရဲ့ ပြီးပြည့်စုံသောမျက်နှာကြောင့် စတွေ့တုန်းကလိုပဲ သူမ မင်သက်ရပြန်ပါသည်။

တိပသောမေးရိုးချွန်ချွန်နဲ့ Idolတွေရှုံးလောက်တဲ့ မျက်နှာချောချောရယ်..
အချိန်တိုင်း တင်းတင်းစေ့ထားတတ်တဲ့ နီဆွေးဆွေး နှုတ်ခမ်းပါးတွေရယ်..

အားလုံးက မြင်ရသူတိုင်းကို အကြည့်မလွှဲနိုင်အောင် ဖမ်းစားတတ်တဲ့ ဆွဲဆောင်မှုတွေ..

Dearest, you saidWhere stories live. Discover now