Episode 5

155 23 7
                                    

[Zawgyi]

"Boss ဒါကိုတကယ်ပစ်လိုက်ရမှာလား"

ဒီထိတောင် ယူလာပြီးတော့..

Bodyguard ခေါင်းဆောင် လက်ထဲမှပန်းစည်းဆီကနေ အကြည့်လွှဲလိုက်ရင်း ဖိုင်တစ်ခုကိုဖတ်နေသော boss ကို ဒုတိယတစ်ခေါက်ပြန်မေးမိသည်။ Boss က စိတ်မရှည်တော့ဘူးထင်ပါရဲ့.. သူ့ကိုအေးစက်တဲ့မျက်ဝန်းတွေနဲ့ ကြည့်လာသည်။

"ကိုယ်ပြောတာကို နားမလည်တာလား.."

ထိုစကားအဆုံး သူဆတ်ခနဲဖြစ်ပြီး ကြက်သီးတွေပါထလာရသည်။ ခါးကိုမတ်မတ်ရပ်ပြီး boss ကိုခေါင်းယမ်းပြမိရင်း..

"မဟုတ်ပါဘူး boss တောင်းပန်ပါတယ် ကျွန်တော်ခုချက်ချင်းလုပ်လိုက်ပါမယ်"

Boss က သူ့ကိုကြည့်မနေတော့..
လက်သာအသာပြရင်း ဖိုင်ကိုဆက်လက်ကြည့်နေသည်။ သူသက်ပြင်းချရင်း ပန်းစည်းကိုအပြင်သို့ သယ်သွားလိုက်သည်။

အင်းလေ.. ဒါက Boss ပဲကို..

》》》》》》》》》》》

"ဦးလေး ခဏ!"

သန့်ရှင်းရေးဦးလေးကြီးက လမ်းလျှောက်နေရာမှရပ်လိုက်ရင်း သူ့ဘက်ကို လှည့်ကြည့်လာသည်။ ဆောဝန်းလက်ထဲမှ အိတ်ကိုသေချာကိုင်လျက်က ဦးလေးကြီးရှိရာဘက် အပြေးသွားမိသည်။

"ဘာလဲကွ ကောင်လေး"

ဦးလေးကြီးက ဆောဝန်းကို ခြေအဆုံးခေါင်းအဆုံး သေချာကြည့်ရင်းက မေးလာသည်။ ဆောဝန်းကို ဒီနားတစ်ဝိုက်မှာ တစ်ခါမှမမြင်ဖူးတာကြောင့် သံသယဝင်လာရသည်။
ကောင်လေးကိုကြည့်တော့ ဦးထုတ်အဖြူ mask အဖြူနဲ့.. 
စောစောတည်းက Company အဝင်ဝနားမှာ ရပ်နေတာ..

"ဟို.. ဦးလေး ဦးလေးရဲ့လက်ထဲကပန်းစည်းလေးကို ဘာလုပ်မလို့လဲဟင်"

လက်ကmaskကိုဆွဲချလျက် ရင်းနှီးနေသော ပန်းစည်းကိုကြည့်ရင်း ဆောဝန်းအပြုံးလေးတစ်ခုနဲ့ မေးမိသည်။ ဦးလေးကြီးရဲ့ မျက်ခုံးတွေက ပိုမိုတွန့်ချိုးသွားသည်။ သူကိုင်ထားခဲ့သော ပန်းစည်းကိုတစ်ချက် ဆောဝန်းကို တစ်ချက်ကြည့်လာသည်။

"အာ စိတ်တော့မရှိပါနဲ့နော် ဦးလေးလက်ထဲက ဒီပန်းစည်းလေးကလေ ကျွန်တော် idol ဆီပို့လိုက်တဲ့ ပန်းစည်းနဲ့ တော်တော်လေးတူလို့..
Idol က သဘောမကျလို့များ အပြင်ထုတ်ခိုင်းလိုက်တာလားဟင်"

Dearest, you saidWhere stories live. Discover now