Episode 11

349 32 5
                                    

[Zawgyi]

"Ya! လီဆောဝန်း!!"

ချန်းမင်တိုက်ခန်းတံခါးကို ဝုန်းခနဲဖွင့်ချရင်း အမှောင်အတိကျနေသော အခန်းကျယ်ထဲ ဝင်လာသည်။ သူ့လက်ထဲမှာ​တော့ ဆောဝန်းဆီခေါ်နေဆဲ တတူတူမြည်​နေ​သော ဖုန်းနဲ့..

ဒါနဲ့ဆို ၅ ခေါက်မြောက်ရှိပြီ!

ဖုန်းတွေဝင်ပါလျက်နဲ့ ထိုကောင်လေးက သူ့​ခေါ်ဆိုမှု​တွေကို တကယ်ကို နားပိတ်လျစ်လျူရှုထားပုံရသည်။ ချန်းမင်အံကြိတ်မိရင်း နံရံက မီးခလုတ်တွေကို အကုန်ဖွင့်လိုက်သည်။

*flash*

လင်းနေသောအဖြူရောင်အခန်းကျယ်ထဲ ထိုကောင်လေးရဲ့ပုံရိပ်ကိုဘယ်​နေရာမှာမှ သူမတွေ့ရ..

ဒီတိုက်ခန်းမှာရှိနေသေးသည်ဆိုတာကိုတော့ ​ဆောဝန်းစီး​နေကျ sneakerအဖြူ​လေးက သက်သေပြနေသည်။

ဘယ်နေရာမှာ ဘာတွေလုပ်နေလို့များ သူ့ဖုန်းကိုမကိုင်ရတာလဲ?

ချန်းမင် အလိုမကျစွာ မျက်မှောင်ကျုံ့ရင်း အခန်းတိုင်းကို ရှာဖွေနေမိသည်။

ဧည့်ခန်းမှာလဲမရှိဘူး..

မီးဖိုခန်းထဲမှာလည်း ဟင်းချက်နေတာမဟုတ်ဘူး..

ဝရံတာဘက်မှာ ထိုင်နေတာလည်းမဟုတ်ဘူး..

ချန်းမင်မျက်ခုံးတို့ ပိုမိုတွန့်ချိုးကုန်သည်။

လက်ထဲမှ ကိုင်သူမရှိသော ထိုဖုန်းနံပါတ်ကိုပဲ သူ ၆ ခေါက်မြောက်ပြန်ခေါ်လိုက်လည်။

"လီဆောဝန်း.. မင်းဘယ်မှာလဲ"

ချန်းမင်အံကြိတ်ရေရွတ်မိသည်။သတ်မှတ်ချိန်အတွင်း ပြန်လည်​ဖြေကြားမှုမရှိဟုဆို​သော ဖုန်းကိုတင်းကျပ်စွာ ဆုပ်ကိုင်မိလျက် လေတဖြူးဖြူးတိုက်နေသာ ဝရံတာတွင် သူခေါင်းအေးအောင် ခဏလောက်ရပ်နေမိသည်။

ဆောဝန်း ဘယ်ရောက်နေတာလဲ..

သူအောက်နှုတ်ခမ်းကို ဖိကိုက်နေမိရင်း ဆောဝန်းရှိနိုင်တဲ့နေရာတွေကို စိတ်ပူစွာ အသဲအသန်စဉ်းစားနေမိသည်။

"ဒီနေ့က.. အရေးကြီးပါတယ်ဆိုတာကို... "

သူ နာရီတကြည့်ကြည့်က​နေပဲ အလိုမကျစွာ ထိုကောင်လေးဆီကို မေတ္တာတွေတသီကြီး ပို့လိုက်သည်။

Dearest, you saidWhere stories live. Discover now