Episode 7

125 17 0
                                    

[Zawgyi]

"ရီဟွား ငါလေးရောက်လာပြီ!"

ယုချန် bell ကို ၃ချက်လောက် ဆင့်နှိပ်လိုက်ရင်း Huaအိမ်တော်ရှင်ကို လှမ်းခေါ်မိသည်။ ဘေးဘက်က မန်နေဂျာအမကတော့ ယုချန်ရဲ့မြှောက်ကြွနေတဲ့ အပြုအမူကိုကြည့်ရင်း ခေါင်းယမ်းမိလေရဲ့..

"ယုချန် နင်ကidolနော်"

ယုချန် တံခါးဖွင့်လာသူမရှိတာကြောင့် သိပြီးသား password ကိုနှိပ်လိုက်သည်။ တံခါးပွင့်သွားတာနဲ့ မန်နေဂျာအမဆီက အိတ်ကိုလွှဲပြောင်းယူပြီး ရယ်မောလျက်..

"သိပါတယ် unnie ရာ ဒီရောက်တဲ့အချိန်ခဏလေးပဲ နေပါရစေ နော်.. ခဏလေးပဲ"

"..နင့်ကိုလေ ပြောလို့လည်းမရပါဘူး.. ပြီးတဲ့အချိန် ဖုန်းဆက်ခေါ်လိုက် ဟုတ်ပြီလား"

"Nae!"

တိတ်ဆိတ်နေသော အိမ်တော်ထဲ ယုချန်ခြေလှမ်းမှန်မှန်နဲ့ ဝင်လာသည်။ အိမ်တော်ထဲ လူတစ်ယောက်မှတောင်မရှိ..
ရီဟွားဆိုတဲ့လူဟာ အိမ်တော်ထိန်းလေးတစ်ယောက်တောင် အနားမှာထားဖို့စိတ်ကူးမရှိ..
သုံးရက်တစ်ခါတော့ အိမ်တော်ကိုသန့်ရှင်းပေးမဲ့ အိမ်ဖော်အချို့ ရောက်လာတတ်သည်။ ဒါပေမဲ့ ထိုအိမ်ဖော်တွေက အိမ်တော်အပြင်ဘက်က အဆောင်တွေမှာနေကြတာ..

ဒါကြောင့်သန့်ရှင်းရေးရက်တွေ မဟုတ်တဲ့အခါဆို အိမ်တော်ကြီးက လူမနေတဲ့အတိုင်း ခြောက်ကပ်လို့..

သူမ သာဆို ပျင်းလွန့်လို့ သေသွားနိုင်တယ်..

အိမ်တော်ဂိတ်မှာစောင့်တဲ့ လုံခြုံရေးတွေရှိတယ်ဆိုပေမဲ့ ဂိတ်နဲ့နည်းနည်းလှမ်းတဲ့ အိမ်တော်ကြီးက အမြဲတမ်းတိတ်ဆိတ်နေသည်လေ..

တိတ်ဆိတ်တာကို သဘောကျတဲ့ ရီဟွားအတွက်ကတော့ paradise ပေါ့

"ရီဟွား နင်ဘယ်မှာလဲ?"

ယုချန် လွယ်အိတ်ကိုဆိုဖာပေါ်တင်ပြီး ဟိုဘက်သည်ဘက် လျှောက်ကြည့်မိသည်။ ဦးထုတ်အနက်နဲ့ mask အနက်ကိုလည်း ချွတ်ချမိလျက်..

"Awaa~ခုမှပဲ အသက်သေချာရှူလို့ ရတော့တယ်"

ခဏလောက်လျှောက်ပတ်ရှာပြီးတော့ ယုချန်ညောင်းညာစွာပဲ ဆိုဖာထက်ထိုင်ချလိုက်သည်။ လူကငြိမ်ငြိမ်လေးထိုင်နေပေမဲ့ သူမရဲ့ စိမ်းပြာရောင်မျက်ဝန်းဝိုင်းဝိုင်းတွေကတော့ အငြိမ်မနေ..

Dearest, you saidWhere stories live. Discover now