သည်ကနေ့...အတန်းမရှိသောကြောင့်ရယ်။
ဟယ်ရီ...ဂရင်ဖင်ဒေါလ် ကွစ်ဒစ်ကစားသမား
ခေါင်းဆောင် အစ်ကို အိုလီဗာဝုဒ် နဲ့...
လေ့ကျင့်ရေးဆင်းဖြစ်တယ်။ထုံးစံအတိုင်း
ဟော့ဝပ်တ် ကျောင်းရဲ့အရှေ့မြေကွက်လပ်
ကြီးထဲမှာပေါ့။အစ်ကို ဝုဒ် သယ်လာသော သေတ္တာပုံးကြီးတစ်လုံး
ကိုလည်းကူမပေးရင်းမြေကွက်လပ်ဆီ...လာကြတာ။
သူလက်ထဲ ရိုက်တံတစ်ခုလည်း ကိုင်ဆောင်
လျှက်...ကွစ်ဒစ်ကစား
နည်းအကြောင်းရှင်းပြတယ်..."ကွစ်ဒစ်ကစားနည်းက နာလည်ဖို့လွယ်ပါတယ်
တစ်သင်းစီ...ကစားသမား ၇ယောက်ပါတယ်။
ဘောလုံးဖမ်းက ၃ယောက်၊
ရိုက်တဲ့သူက ၂ယောက်
ဂိုးစောင့်သူက ၁ယောက်...
ရွှေဘောလုံးရှာ တဲ့သူကတစ်ယောက်...
အ့လူ မင့်ပဲလေ။"ရွှေဘောလုံး ရှာရမယ်တဲ့ဟုတ်လား။အစ်ကို ဝုဒ်
ကိုယ်အနည်းငယ် တွေးနေမိတုန်း...သေတ္တာ
အား...မြက်ခင်းပေါ်ချလိုက်ပြီ...အဖုံးဖွင့်လိုက်
တယ်။နောက်ပြီး...ဘောလုံးသုံးလုံးကို...ဦးစွာ
မြင်လိုက်ရပြီ...ဘေးနှစ်ဖက် ဘောလုံးကို
အထိန်းအချုပ်နဲ့ထားရှိပြီး...အထိန်းအချုပ်မရှိ
သော အလယ်မှဘောလုံးအား မြှောက်ပင့်
ပြကာ..ကိုယ့်ဆီ ပင့်မြှောက်လာရင်း ရှင်းလင်းချက်
ထုတ်တယ်..."ဒီမှာ ဘောလုံးသုံးမျိုးရှိတယ်။
ဒီတစ်ခုက ကွာဖယ်လို့ခေါ်တယ်။"ဟယ်ရီ...အစ်ကိုဝုဒ် ပစ်ပေးသည့် ကွာဖယ်
ဟုခေါ်သော ဘောလုံးအားဖမ်းယူရင်း...
ကြည့်မိတယ်။အစ်ကိုဝုဒ် ကတော့
ကစားနည်းအကြောင်းဆက်ရှင်းလျှက်..."ဘောလုံးဖမ်းသမား က ကွာဖယ်ကိုပိုက်ပြီး
ဟို ကဂို၃ခုထဲကတစ်ခုထဲကို.. ဝင်အောင်ပစ်သွင်း
ရတယ်။"အစ်ကိုဝုဒ် ဟိုးအနောက်ဘက်တောအုပ်အလွန်မှ
ကွင်းကြီးတစ်ခုကို လက်ညွန်ပြတာ...ဟယ်ရီ
လှမ်းငေးကြည့်တယ်။အဝေးကနေကြည့်ရင်တောင်
မှ ကျယ်ဝန်းလာကြောင်းသိသာသည်။
ဝေးကွာသည့်...အရပ်မျက်နှာ ချင်းဆိုင်မှုတစ်ဖက်
မှာ...ရှည်လျားတဲ့ သံတိုင်ကြီးနဲ့...ဘူတစ်ကိုယ်စာ
ထက်ကြီးမားတဲ့ သံဝိုင်းကြီးသုံးဝိုင်း...ကို
အစ်ကိုဝုဒ်က ပြောတာပင်။ဒါက ဂိုးပေါက်
ပေါ့...
YOU ARE READING
Another Series I {Uni Code }
Fantasyဟုတ်...ဟယ်ရီficလေးရေးချင်တာနဲ့ ဒရာကို နဲ့ ဟယ်ရီ bl fanfic လေးတစ်ပုဒ်ထရေးလိုက်ပြီ။ "ဟယ်ရီ...နင်ငါ့ကို မမေးချင်ဘူးလား... ဘာလို့ ငါ့ကိုပြိုက်ဖက်လို ရန်ချည်းစနေရသလဲ ဆိုပြီး မေးခွန်းမျိုး...နင် တစ်ကြိမ်တစ်ခါလောက် တော့ မေးခဲ့သင့်တာ။" ဒရက်ကိုဟာ...အတိတ်ကိုပ...