9¾ရထားဘူတာမှထွက်ခွာမယ်

2.2K 290 8
                                    


ဒရာကို တို့လာရင်းကမှ 9 & 10ကြား အုတ်နံရံ
ပြင်ကြီးဆီရောက်လို့လာပြီ...ဒရေကို တို့မိသား
စုအတူဝင်ရန်ဆုံးဖြတ်တယ်။

မာမီကတော့...ဟယ်ရီပေါ်တာ အားဂရုဏာနဲ့...

"ဘာမှမကြောက်နဲ့ကလေး...အန်တီတို့လို...
ထိုးဖောက်ဝင်လာလိုက်ရင်ရပြီ။"

သည်ကဲ့သို့မှာကြားပြီး

"နောက်မှတွေ့မယ်...ဟယ်ရီ ပေါ်...."

ဒရေကို စကားတုံ့ဆိုင်းသွားတယ်။ဒယ်ဒီက
မျက်မှောင်ကြုတ်ကြည့်တာ....ကိုယ့်ပါးစပ်က
ပေါ်တာဆိုတာထွက်တော့မလို့ပါလား...?
ဒယ်ဒီ ရိပ်မိသွားပြီထင်ရဲ့...ဟယ်ရီကိုဌဲ့စောင်း
ကြည့်လို့နေသေးသည်။

တခဏအကြာမှ ဒရေကိုတို့မိသားစု 9¾
စင်္ကြံသို့ရောက်ရှိသွားချိန်တပြိုင်နဲ့...ဒယ်ဒီ.
ကိုယ့်ကို ဆွဲချီပြီး မလှမ်းနေရာဆီခေါ်လာတယ်
မာမီ ကကြောင်ကျိကြောင်ကျားကျန်ခဲ့တယ်။

"ဒရေကို...ဒယ်ဒီကို မှန်မှန်ပြော"

"ဘာကိုလဲ ဒယ်ဒီ"

ဒယ်ဒီ အကျင့်ကသည်အတိုင်း...ကိစ္စ
တစ်ခုကို အတင်းအကျပ်နဲ့ လုပ်တတ်သည်။

"ဟိုကောင်လေးက ဘယ်သူလဲ"

"သူက...

ကိုယ့်ကြောက်နေမိတယ်။အခုချိန်မှာ
ဟယ်ရီပေါ်တာ ကိုဒယ်ဒီနဲ့မတွေ့စေချင်သေးပါ။

"မင့် ဟယ်ရီ လို့ခေါ်တယ်။မဟုတ်မှလွဲရော
သူက...ဟယ်ရီ ပေါ်တာ"

"ဆောရီ ဒယ်ဒီ သားရထားပေါ်တက်တော့မယ်"

"နေဦး ဒရာကို..."
ထွက်သွားတော့မယ့် ကိုယ့်ကို ပြန်ဆွဲပြီး
ပြောတယ်
"မင့် သူကိုဘယ်လိုသိတာလဲ။"

"ဟင့်အင်း ဒယ်ဒီ...သား မသိဘူး"

"သား ဒရာကို...ဒယ်ဒီပြောမယ်။ဟယ်ရီလည်းပဲ
ဟောဝပ်တ် ကျောင်းမှာတက်မယ်လို့သတင်းရ
ထားတယ်။...ပေါ်တာ...ဂျိမ်းပေါ်တာ ဟယ်ရီရဲ့
အဖေ ဘယ်လောက်နာမည်ကြီးလဲ...သားသိတယ်
နော်...လီလီ ကတော့တို့မှော်သမိုင်းမှာ ထင်းရှား
ကျန်မဲ့ မှော်ဆရာမတစ်ယောက်...နောက်ပြီး...
ခုချိန်မှာ သောက်ရမ်းနာမည်ကြီးတဲ့ကလေး...
သူတို့ကလေး..ပေါ်တာ...ဟယ်ရီပေါ်တာ
သိပ်နာမည်ကြီးတာ...ဒရာကို သားသူနဲ့ခင်
ရမယ်။"

Another Series I {Uni Code }Onde histórias criam vida. Descubra agora