လျှို့ဝှက်တံခါးဆီသွားမယ်

1K 177 17
                                    

ဒရေကို နိုးလာတော့...ဘေးတွင်
ဟယ်ရီ ထိုင်စောင့်နေတယ်။တိုင်ကပ်နာရီ
အားလှမ်းကြည့်တော့...

12:45 amတောင်ရှိပြီ။ဟယ်ရီ
အဆောင်မပြန်ဘဲ၊ကိုယ့်အားစောင့်နေသည်တဲ့
လား...ထိုင်ပြီး ငိုက်မျဉ်းနေတာလေ။

ကိုယ် ထကာထိုင်ပြီး စားပွဲပေါ်မှရေအား
လှမ်းကာယူသောက်လိုက်မိတယ်။

နောက်မှ...ဟယ်ရီ အားကုတင်ပေါ် ချီတင်
လိုက်မိတယ်။ကုတင်ပေါ်ရောက်တော့ အားရ
ပါးရ ကိုထဟောက်ကာဆက်အိပ်နေသော...
ဟယ်ရီဟာတအားပင်ပန်းနေပုံဘဲ။

ကိုယ် မေ့လှဲသွားတာ၊တစ်ရက်တောင်
ပြည့်သွားတာလား။အတွေး နဲ့ကိုယ့်ကိုယ်ကိုယ်
စိတ်ထဲမှ ရှုံ့ချနေမိတော့တယ်။

စားပွဲပေါ်...မုန့်တစ်ချို့တွေ့တာကြောင့်
လှမ်းယူကာစားလိုက်တယ်။

ဒီည...ကိုယ်တော့ပွတာဘဲ။
ဟယ်ရီ ကိုယ့်ဘေးတစ်လုံးရှိနေတော့မှာဘဲ၊
ဟယ်ရီ မျက်မှန်အားချွတ်ပြီး...စားပွဲပေါ်
တင်ပေးလိုက်တယ်။ဟယ်ရီ ကမလှုပ်မရှား
ဘဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ။

ကိုယ် နှစ်ခြိုက်စွာပြုံးရင်း...ဟယ်ရီနဲ့မျက်နှာ
ချင်းဆိုင်တစောင်းလေးလှည့်အိပ်လိုက်မိတယ်။

အိပ်နေတာတောင် ချစ်စရာကောင်း
နေသော ဟယ်ရီဟာ...ကိုယ့်လက်တွေ
သူပါးကိုဖျစ်ညှစ်အောင် စွဲဆောင်နေသလိုဘဲ။

အတွေးတစ်ခုနဲ့အတူ...ကိုယ်လက်တွေဟာ
ဟယ်ရီ ရဲ့ပါးဖောင်းဖောင်းဆီရောက်ရှိလို့
သွားပြီ။

"ဒရေကို"

အိပ်ယာမှန်ုးလာတဲ့ ဟယ်ရီကကိုယ့်လက်
တွေဖယ်ပြီးပြောတာ။
အိပ်မှုံစုံမွှား ဖြင့်ပါးစပ်ထောင့်တွင်ယိုစီးထား
သော...သွားရည်များအားသုတ်ရင်း...ထထိုင်
ရန်ကြိုးစားတော့...

"နိုးပြီလား"

ကိုယ် သူကိုမထစေအောင်ပြန်ဆွဲ
ထိန်းကာပြောတာ။

"ဒရေကို" ဟယ်ရီပြောတယ်..
"ဒါတစ်ယောက်အိပ်ကုတင်နော်"

"အခုအိပ်နေရတာပဲဥစ္စာ...
ကြိုးသွားရင်းတောင် ငါ့မိဘတွေက
ကုတင်လေးတစ်လုံးအတွက်...မျက်လုံး
မှိတ်ပြီးတော့တောင် လျော်ကြေားပေး
နိုင်တယ်။ဟယ်ရီ"

Another Series I {Uni Code }Donde viven las historias. Descúbrelo ahora