ပထမနှစ်ပြီးဆုံးပြီ

1K 190 24
                                        

ဒရေကို နိုးလာတော့ဆေးပေးခန်းထဲမှာ၊
ခန့်မှန်းစရာမလိုနှာခေါင်းထဲ ဝင်လာတဲ့
ဆေးအနံ့ ခပ်ပြင်းပြင်းကြောင့်ဘဲ။

"မက်ဖွိုင်း...နိုးလာပြီလား"

"မင့်အဆောင်ထဲက ခိုးထွက်တာလား"

"ဘာဖြစ်ခဲ့လဲ မင်ဖွိုင်း.."

ဘေးနားပွထိုးဘာရောက်ပြောလာကြ
သော...ခရက် နဲ့ ဂိုစီ...ပင်စီ ကလည်း သူ
အဖော်တစ်ယောက်နဲ့...စလေသရင်း
စီနီယာတွေပါကိုယ့်အားလာကြည့်နေခဲ့
တယ်။

မဟုတ်မှလွဲရောကိုယ်အား.. အမှတ်ဘဲ
လျော့တော့လေမလား။

"ဂုဏ်ယူပါတယ် မက်ဖွိုင်း.."

"လေးစားပြီ ငါ့တို့ စလေသရင်းရဲ့
ဒရေဂို မက်ဖွိုင်း"

စီနီယာ တွေဟာလည်းကိုယ့်အားချီးကျူး
လို့နေတယ်။ကိုယ် ထကာထိုင်လိုက်မိတယ်။
ပတ်ဝန်းကျင်အားဝေ့ယမ်းကြည့်တော့ဆေးပေး
ခန်းရဲ့...တံခါးဝမှာ ဝေစလေနဲ့ဂရင်းဂျာ ရပ်
ကြည့်လို့နေတယ်။

ဝေစလေ က စာရွက်လေးတစ်ရွက်ကို
လုံးချေပြီး လက်ဖုဝါးပေါ်တင်ထားတယ်။
ဂရင်းဂျာ ဟာစက္ကူလုံးအား...မှော်ကျိန်လုံး
ဖြင့်ဂါထာရွတ်လိုက်တယ်။

စက္ကူလုံးလေးဟာ အစက်ဝင်လာသလို
ခုန်ပေါက်လာပြီး...တဖြည်းဖြည်းကိုယ်ဆီ
ခုန်ပေါက်ရောက်ရှိလာတယ်။

ကိုယ် စက္ကူလုံးအားဖမ်းယူလိုက်တယ်။
တခဏအကြာမှာတော့
ပရောဖက်ဆာ စနပ်ဖ် ရောက်ရှိလာ၍...
ကိုယ့်သူငယ်ချင်းအဖော်တွေအပြင်ထွက်ကုန်
ကြတယ်။

"မက်ဖွိုင်း မင့်အဆင်ပြေရဲ့လား"

"ဟုတ်.." ကိုယ်ပြောတယ်
"ပြေပါတယ် ပရောဖက်ဆာ...ဟယ်ရီ
ဘယ်လိုလဲ"

ပရောဖက်ဆာ စနပ်ဖ် ကိုယ့်ဆီလှမ်းလာတယ်။
ကိုယ့် ရွှေရောင်ဆံပင်ကိုလာရောက်ထိတွေ့
သလို...ကိုယ့်မေးစေ့ကိုလည်း...သူကိုင်တွယ်
ထားတယ်။ပရောဖက်ဆာ စနပ်ဖ် ဘာလုပ်
နေတာလဲ။

"ဒါ...အင်မတန်ထူးဆန်းတဲ့
အရာတစ်ခုပဲ မက်ဖွိုင်း"

ပြောဆို ထထွက်သွားသော...ပရောဖက်ဆာ စနပ်ဖ်
သူဘာတွေပြောသွားတာလဲ။ကိုယ်သဘော
မပေါက်ပါ။ဒါပေမဲ့ ကိုယ်ထိုဆေးပေးခန်းမှထွက်
ခြင်နေပြီ။ဒရေကို...ဝေစလေ လာရောက်ပေး
သောစာအားအမြန်ဖွင့်ဖတ်ဆယ်။

Another Series I {Uni Code }Where stories live. Discover now